(၂၀၁၅-၁၆) ဘောလုံးရာသီကတန်းဆင်းခဲ့ရတဲ့အက်စတွန်ဗီလာအသင်းဟာ Play-off ပြိုင်ပွဲမှာဒါဘီအသင်းကိုအနိုင်ရရှိခဲ့ပြီး၊ လာမယ့်ရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာပြန်လည်မြင်တွေ့ ရတော့မှာဖြစ်ပါတယ်။ပရီးမီးယားလိဂ်ပြိုင်ပွဲကိုတန်းတက်ခွင့်လက်ကျန်တစ်နေရာအတွက် အဆုံးအဖြတ်ပွဲစဉ်တစ်ပွဲအဖြစ် ဒါ ဘီအသင်းနဲ့ အက်စတွန်ဗီလာအသင်းတို့ရဲ့  Play-off ပြိုင်ပွဲမှာ အက်စတွန်ဗီလာအသင်းဟာ (၂) ဂိုး (၁) ဂိုးနဲ့အ နိုင်ရရှိကာ ပရီးမီးယားလိဂ်ပြိုင်ပွဲကိုတန်းတက်ခွင့်ရရှိခဲ့ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ (၂၀၁၈-၁၉) ချန် ပီယံရှစ်ပြိုင်ပွဲမှာ အဆင့် (၅) နေရာမှာရပ်တည်ခဲ့ပြီး၊ ပရီးမီးယားလိဂ်ပြိုင်ပွဲကိုတန်းတက်ခွင့်လက်ကျန်တစ်နေရာ အတွက် လိဒ်ယူနိုက်တက်၊ ၀က်စ်ဘရွန်း၊ ဒါဘီအသင်းတို့နဲ့အပြိုင်လုခဲ့ရပြီး၊ ဆီမီးဖိုင်နယ်အဆင့်မှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ ၀က်စ်ဘရွန်းအသင်းကိုအနိုင်ရရှိခဲ့ပါတယ်။

ဗိုလ်လုပွဲအဆင့်မှာတော့ ဒါဘီအသင်းကို (၂) ဂိုး (၁) ဂိုးနဲ့အနိုင်ရရှိကာ တန်းဆင်းခဲ့ရပြီး (၃) နှစ်အကြာမှာ ပရီးမီးယားလိဂ်ကိုပြန်လည်တန်းတက်ခွင့်ရရှိခဲ့ပါ တယ်။ အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့ (၂၀၁၈) အောက်တိုဘာလအတွင်းမှာမှ နည်းပြဒင်းစမစ်ကို နည်း ပြရာထူးအတွက်ခန့်အပ်ခဲ့ပြီး၊ နည်းပြဒင်းစမစ်အနေနဲ့ကလည်း အသင်းကိုကိုင်တွယ်ခဲ့တဲ့ (၇) လအတွင်းမှာ အသင်းကိုပရီးမီးယားလိဂ်မှာပြန်လည်ယှဉ်ပြိုင်ခွင့်အရယူပေးနိုင်ခဲ့ပါတယ်။ ဒ့ါအပြင်အခြားသောဆက်စပ်သ တင်းတွေအရဒင်းစမစ်ဟာ ကလေးဘ၀အရွယ်ကတည်းက အက်စတွန်ဗီလာအသင်းကိုအားပေးခဲ့သူတစ်ဦးဖြစ် ပြီး၊ သူအားပေးခဲ့တဲ့အသင်းကို ပရီးမီးယားလိဂ်မှာပြန်လည်ယှဉ်ပြိုင်ခွင့်ရရှိအောင်လုပ်ဆောင်ပေးနိုင်ခဲ့မှုက သူ့ရဲ့ ဘ၀အတွက် အခမ်းနားဆုံးသောအခိုက်အတန့်တစ်ခုဖြစ်တယ်လို့လည်း ပြည်ပမီဒီယာတွေကိုပြောကြားခဲ့ပါ တယ်။ ဒါ့အပြင်အက်စတွန်ဗီလာအသင်းရဲ့ လက်ထောက်နည်းပြဟာလည်း ချယ်လ်ဆီးအသင်းနဲ့ အင်္ဂလန်လက် ရွေးစင်နောက်ခံလူဟောင်းဂျွန်တယ်ရီဖြစ်ပါတယ်။ လာမယ့် (၂၀၁၉-၂၀) ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်မှာမြင်တွေ့ ရမယ့်တန်းတက်အသင်းတွေက တော့ နောဝှစ်စီးတီးအသင်း၊ ရှက်ဖီးလ်ယူနိုက်တက်အသင်းနဲ့ အက်စတွန်ဗီလာအသင်းတို့ဖြစ်ကြပါတယ်။

 

 

Related News