ရီးရဲယ်လ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ကစားသမားတွေကို ပရီးမီးယားလိဂ်ကလပ်အသင်းတွေထံ ရောင်းချထားရာမှာ ပြောင်းရွှေ့ကြေးယူရိုသန်း (၃၀၀) ကျော်အထိရရှိထားခဲ့တယ်လို့သိရပါတယ်။ ရီးရဲယ်လ်မက်ဒရစ်အသင်းဟာ ကွင်းလယ်လူကိုဗာချစ်ကို ချယ်လ်ဆီးအသင်းထံ ယူရို (၄၅) သန်းနဲ့ရောင်းချခဲ့ ပြီးနောက်မှာတော့ ပရီးမီးယားကလပ်အသင်းတွေအနေနဲ့ ရီးရဲယ်လ်မက်ဒရစ်အသင်းမှကစားသမားတွေကိုခေါ် ယူရာမှာ ပြောင်းရွှေ့ကြေးယူရိုသန်း (၃၀၀) ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကလပ်အသင်းတွေအ နေနဲ့ နှစ်စဉ်နှစ်တိုင်းမှာ ရီးရဲယ်လ်မက်ဒရစ်ကစားသမားတွေကိုခေါ်ယူနေခဲ့ပြီး၊ ပထမဦးဆုံးခေါ်ယူခဲ့တဲ့ကစားသ မားကတော့ (၂၀၀၈) ခုနှစ်က မန်စီးတီးအသင်းက ယူရို (၄၂) သန်းနဲ့ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူးရော်ဘင်ဟိုဖြစ်ပါ တယ်။

ရော်ဘင်ဟိုရဲ့နောက်မှာတော့ (၂၀၁၀) ခုနှစ်က ပြောင်းရွှေ့ကြေးယူရို (၁၀) သန်းနဲ့ စပါးစ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဗန်ဒါဗတ်၊ (၂၀၁၂) ခုနှစ်က ယူရို (၈) သန်းနဲ့ QPR အသင်းကိုပြောင်းရွှေ့ခဲ့တဲ့ ဂရန်နီရို၊ (၂၀၁၇) ခုနှစ်က ယူရိုသန်း (၃၀) နဲ့မန်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့တဲ့ ဒန်နီလိုတို့လည်းပါဝင်ခဲ့ကြပါတယ်။ ဒ့ါအပြင်ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ပြောင်းရွှေ့ခဲ့ကြတဲ့ကစားသမားဟာလည်း (၃)ဦးအထိရှိနေခဲ့ပြီး၊ (၂၀၁၃) ခုနှစ်က အာဆင်နယ်အသင်းကိုပြောင်းရွှေ့ကြေးယူရို (၄၅) သန်းနဲ့ပြောင်းရွှေ့ခဲ့တဲ့အိုဇေးလ်၊ (၂၀၁၄)ခုနှစ်က မန်ယူအသင်းကိုပြောင်းရွှေ့ကြေးယူရို (၇၅) သန်းနဲ့ပြောင်းရွှေ့ခဲ့တဲ့ဒီမာရီယာနဲ့ (၂၀၁၇) ခုနှစ်က ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ကြေး ယူရိုသန်း (၈၀) နဲ့ပြောင်းရွှေ့ခဲ့တဲ့မိုရာတာတို့ကတော့ အသင်းရဲ့ကလပ်စံချိန် တင်ပြောင်းရွှေ့ကြေးနဲ့ရောင်းချခဲ့တဲ့ကစားသမားတွေဖြစ်ပါတယ်။ ရီးရဲယ်လ်မက်ဒရစ်အသင်းဟာ (၂၀၀၈) ခု နှစ်ကနေ (၂၀၁၉) ခုနှစ်အထိ အသင်းရဲ့ကစားသမား (၈) ဦးကို ပရီးမီးယားလိဂ်ကလပ်အသင်း တွေထံ ရောင်းချခဲ့ရာမှာ ပြောင်းရွှေ့ကြေးယူရို (၃၃၅) သန်းအထိ ရရှိထားခဲ့ပါတယ်။

 

 

 

Related News