အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးဂရစ်ဇ်မန်းဟာ အစောပိုင်းကအသင်းပြောင်းရွှေ့ဖို့သတင်းတွေ ထွက်ပေါ်ခဲ့သလို၊ လက်ရှိမှာတော့ မဖြစ်မနေအသင်းပြောင်းရွှေ့ရမယ့်အရေးနဲ့ရင်ဆိုင်နေရပြီဖြစ်တယ်လို့ သိရပါတယ်။ ဂရစ်ဇ်မန်းဟာ လက်ရှိအပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းကိုပြောင်းရွှေ့မယ်လို့သတင်းတွေထွက် ပေါ်နေခဲ့ပြီး၊ ဘာစီလိုနာ အသင်းရဲ့တရားဝင်ကမ်းလှမ်းမှုတွေမရှိသေးမှုကြောင့် အပြောင်းအရွှေ့ဟာကြန့်ကြာ နေခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိမှာ တော့ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ ကစားသမားသစ်ဂျာ အိုဖီးလစ်ကို ဂရစ်ဇ်မန်းရဲ့ကျောနံပါတ် (၇) ကိုလွှဲပြောင်းပေး ခဲ့မှုကြောင့် အက်သလက်တီကိုမက်ဒရစ်အသင်း ဟာ အပြောင်းအရွှေ့မှာ ဂရစ်ဇ်မန်းကိုရောင်းချသွားတော့မယ်လို့သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဂရစ်ဇ် မန်းဟာ ပြီးခဲ့တဲ့ (၃) ရာသီဆက်တိုက်လောက် အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အဓိက ကစားသမားအ ဖြစ်ရပ်တည်ခဲ့ပေမယ့်လည်း ဘာစီလိုနာအသင်းကိုပြောင်းရွှေ့တော့မယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ချိန်မှာ တော့ အက်သလက်တီကိုမက်ဒရစ်ပရိသတ်တွေအနေနဲ့ ဂရစ်ဇ်မန်းကိုလှောင်ပြောင်မှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဂရစ်ဇ်မန်းဟာ သူ့ရဲ့ကျောနံပါတ် (၇) ကို ဂျာအိုဖီးလစ်ထံလွှဲပြောင်းခဲ့ရမှုကြောင့် လာမယ့်ရာသီသစ်မှာအသင်း ပြောင်းရွှေ့ရဖို့အသင်းသစ်ရှာဖွေ ရတော့မှာဖြစ်ပြီး၊ ဘာစီလိုနာအသင်းကိုပြောင်းဖြစ်၊ မပြောင်းဖြစ်ဆိုတာ စောင့် ကြည့်ရတော့မှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ကျောနံပါတ် (၇) ကိုလက်ရှိမှာ တောင်ပံကစားသမားကော် တင်ညိုက၀တ်ဆင်နေခဲ့ပြီး၊ ဂရစ်ဇ်မန်းရောက်ရှိလာပါက ကျောနံပါတ် (၇) ကိုဝတ်ဆင်ခွင့်ရမှာလားဆိုတာက လည်း စိတ်ဝင်စားဖို့ကောင်းနေခဲ့ပါတယ်။ ဂရစ်ဇ်မန်းဟာ (၂၀၁၄-၁၅) ဘောလုံးရာသီက ရီးရဲယ်လ်ဆိုစီဒက်အသင်းကနေ အက်သလက်တီကို မက်ဒရစ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး၊ ပွဲစဉ်ပေါင်း (၂၅၇) ပွဲကစားထားရာမှာ သွင်းဂိုးပေါင်း (၁၃၃) ဂိုးအထိသွင်း ယူထားနိုင်ခဲ့ပါတယ်။

 

 
 

 

Related News