ကစားသမားအခွင့်အရေးနဲ့ပတ်သက်ပြီး သမ္မတနဲ့ ထိပ်တိုက်ရင်ဆိုင်ထားရတဲ့အမေရိကန်အမျိုးသမီးဘောလုံးဟာ ကမ္ဘာ့ဖလားအမျိုးသမီးဘောလုံးပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီးနောက် နယူးယောက်မြို့မှာ အောင်ပွဲခံနေပါတယ်။ဇူလိုင်(၇)ရက်မှာကျင်းပခဲ့တဲ့ကမ္ဘာ့ဖလားအမျိုးသမီးနောက်ဆုံးပွဲစဉ်မှာ အမေရိကန်အမျိုးသမီးဘောလုံးအသင်းက နယ်သာလန် အမျိုးသမီးဘောလုံးအသင်းကို (၂)ဂိုး-ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီးနောက် ဗုဒ္ဓဟူးနေ့က နယူးယောက်မြို့မှာ ပရိသတ်တွေနဲ့အတူ ချန်ပီယံ အမေရိကန်အသင်းက လှည့်လည်အောင်ပွဲခံခဲ့ကြပါတယ်။ အမေရိကန်အမျိုးသမီးဘောလုံးအသင်းဟာ အခုတစ်ကြိမ်အပါအ၀င် ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တာလေးကြိမ်ရှိနေပြီး သူတို့ရဲ့အောင်ပွဲကိုဂုဏ်ပြုဖို့ ပရိသတ်တွေက နာရီပိုင်းလောက်ကြိုရောက်နေကြ တာပါ။

အသင်းခေါင်းဆောင်မီဂန် ရာပီနိုးနဲ့ အဲလက်က်စ် မော်ဂန်တို့က ဘရော့ဒ်ဝေးလမ်းမပေါ်မှာရှိတဲ့သူရဲကောင်းများလမ်း ကြားကိုရောက်တော့ အောင်ပွဲခံခဲ့ကြပါတယ်။ အမျိုးသမီးအသင်းကို အမျိုးသားအသင်းနဲ့တန်းတူခံစားခွင့်အေးဖို့ အမေရိကန်သမ္မ တဒေါ်နယ် ထရမ့်နဲ့ ရာပီနိုးတို့ လူသိရှင်ကြားအချင်းများခဲ့လို့ အမေရိကန်အမျိုးသမီးအသင်းဟာ ဘောလုံးလောကကိုကျော်ပြီး လူမှုရေးနဲ့နိုင်ငံရေးနယ်ပယ်မှာ အလေးအနက်ပြောနေရပါတယ်။ ဖလားရခဲ့လို့ အိမ်ဖြူတော်ကိုဖိတ်ခေါ်ရင် ငြင်းဆိုသွားမယ်လို့ ရာပီနိုးကပြောခဲ့ပြီး မပြောခင်ဖလားရအောင်လုပ်ပြီး အလုပ်ပြီးအောင်လုပ်သင့်တယ်လို့ ထရမ့်က တွစ်တာမှာ တုံ့ပြန်ခဲ့ပါတယ်။ အမျိုးသားအသင်းကစားသမားတွေရတာထက် တစ်စိတ်တစ်ပိုင်းလောက်ပဲ အမျိုးသမီးအသင်းရလို့ အမေရိကန်ဘောလုံးအဖွဲ့ ချုပ်ကို တရားစွဲထားပြီး ကျားမညီတူညီမျှအခွင့်အရေးရအောင် အားထုတ်နေတဲ့အမျိုးသမီးအသင်းကို လူအများက ချီးကျူးနေကြ ပါတယ်။

 

 

Related News