အင်္ဂါနေ့က အီဂျစ်နိုင်ငံမြို့တော်ကိုင်ရိုမှာစတင်ကျင်းပနေတဲ့ အာဖရိကအမျိုးသမီးဘောလီဘောတံခွန်စိုက် ပြိုင်ပွဲကနေအသင်း(၈)သင်းနုတ်ထွက်သွားလို့ ပြိုင်ပွဲအတွက် ထိုးနှက်ချက်တစ်ခုဖြစ်လာပါတယ်။အာဖရိကဖလားအမျိုးသမီးဘော်လီဘောတံခွန်စိုက်ပြိုင်ပွဲမကျင်းပခင်မှာ အသင်း(၈)သင်းနုတ်ထွက်သွားတာဟာ ပြိုင်ပွဲအတွက် အဓိကထိုးနှက်ချက်တစ်ခုဖြစ်လာတာပါ။ ပါဝင်ယှဉ်ပြိုင်မယ့်အသင်း(၁၅)သင်းထဲက တူနီးရှား၊ ဂါနာ၊ လစ်ဗျား၊ ရ၀မ်ဒါ၊ ချဒ်၊ နိုင်ဂျီး ရီးယား၊ ကွန်ဂိုနဲ့ လီဆိုသိုနိုင်ငံတို့နုတ်ထွက်ခဲ့ပြီး (၇)သင်းပဲကျန်နေတာပါ။ အသင်းတွေနုတ်ထွက်သွားလို့ ဆီနီဂေါ၊ မော်ရိုကိုနဲ့ အိမ်ရှင်အီဂျစ်တို့အသင်း(၃)သင်းရှိတဲ့အုပ်စုအေမှာ အိမ်ရှင်အတွက် အခွင့်အရေးပိုများနေပြီး ပြိုင်ဆိုင်မှုပိုပြင်းထန်တဲ့အုပ်စုဘီမှာ တော့ ချန်ပီယံ(၉)ကြိမ်ဖြစ်ဖူးတဲ့ကင်ညာနိုင်ငံက ချန်ပီယံကင်မရွန်းကို ခုခံနိုင်ချေရှိနေသလို အယ်ဂျီးရီးယားနဲ့ဘော့ဆွာနာနိုင်ငံတို့ ကလည်း ဖျက်မြင်းတွေဖြစ်လာနိုင်ပါတယ်။

ပြိုင်ပွဲကနေထွက်သွားတဲ့နိုင်ငံတွေရှိနေပေမဲ့ ပြိုင်ပွဲကတော့ အကောင်းဆုံးအနေအ ထားမှာရှိနေသေးတယ်လို့ အာဖရိကဘော်လီဘောအဖွဲ့ချုပ်ဥက္ကဋ္ဌအာမာ အယ်ဝါနီကပြောပါတယ်။ နုတ်ထွက်တဲ့အသင်းတွေကို အရေးယူဒဏ်ခတ်သင့်တယ်လို့ စည်းမျဉ်းတွေမှာဖော်ပြထားပေမဲ့ ဘယ်လိုအပြစ်ပေးမှုကိုမှမလုပ်သင့်တဲ့အချိန်လို့လည်း အယ်ဝါ နီကယူဆနေပြီး နောက်ထပ်ကျင်းပဖို့ရှိနေတဲ့ပြိုင်ပွဲတွေမှာ ပြိုင်ပွဲဝင်အသင်းပိုများလာဖို့ အဖွဲ့ချုပ်အနေနဲ့လုပ်ဆောင်ပေးသင့်တယ် လို့လည်း ပြောပါတယ်။ အခုပြိုင်ပွဲမှာ အုပ်စုတစ်စုစီက ပထမ၊ ဒုတိယအသင်းနှစ်သင်းက ဆီမီးဖိုင်နယ်အဆင့်ကိုတက်ရောက်မှာ ဖြစ်ပြီး ဗိုလ်လုပွဲကိုတော့ တနင်္ဂနွေနေ့မှာကျင်းပမှာပါ။

 

 

Related News