အာဖရိကနိုင်ငံများဖလားကနေ အိမ်ပြန်ခဲ့ရပြီးနောက် အီဂျစ်နိုင်ငံအသင်းနဲ့ ကစားသမားမိုဟာမက် ဆာလာတို့ကို ပရိသတ်တွေ က ဝေဖန်နေကြပါတယ်။အီဂျစ်နိုင်ငံတ၀န်းမှာ အီဂျစ်နဲ့လီဗာပူးအသင်းကြယ်ပွင့်ဘောလုံးသမားမိုဟာမက် ဆာလာဟာ ဝေဖန်မှုတွေအဓိကခံနေရပြန်ပါ တယ်။ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲကနေအိမ်ပြန်ခဲ့ရပြီးတဲ့နောက် ဆာလာကစားတာကို ကြည့်ချင်တဲ့ပရိသတ်တွေကစိတ် ပျက်နေကြပြီး နိုင်ငံအသင်းနဲ့ဆာလာတို့ကို ဝေဖန်နေကြတာပါ။ ဇူလိုင်(၇)ရက်ကအီဂျစ်အသင်းနဲ့တောင်အာဖရိကအသင်းတို့ကစားတဲ့ပွဲမှာအီဂျစ်အသင်းကတစ်ဂိုး-ဂိုးမရှိနဲ့ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အိမ်ပြန်ခဲ့ရပြီးဥရောပမှာကြယ်ပွင့်ဖြစ်နေတဲ့ဆာလာဟာ နိုင်ငံမှာအချိန်အကြာဆုံးနားနေရပါတယ်။

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာဆာလာက နှစ်ဂိုးသာသွင်းနိုင်ခဲ့ပြီးဒါကိုလည်း အ သင်းပရိသတ်တွေကမကျေနပ်နေတာပါ။ ဆာလာရဲ့ပရိသတ်တွေကတော့ ဆာလာဆန့်ကျင်ရေးစည်းရုံးလှုပ်ရှားမှုတွေက ကြာမှာမဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။ မကြာခင်မှာဆာလာကဥရောပပြန်သွားပြီးဂိုးတွေပြန်သွင်းတာနဲ့ သူဟာအီဂျစ်နိုင်ငံ သားတွေမျှော်လင့်နေကြတဲ့ကြယ်ပွင့် ကစားသမားတစ်ယောက်ပြန်ဖြစ်လာမယ်လို့လည်း ယုံကြည်နေကြပါတယ်။

 

 

Related News