အေဂျက်ဇ်အသင်းနောက်ခံလူဒီလိုက်ဟာ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီ၊ မန်ယူအစရှိတဲ့က လပ်အသင်းတွေရဲ့ ကမ်းလှမ်းမှု တွေကို ရရှိခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ဂျူဗင်တပ်စ်အသင်းကိုပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။ဒီလိုက်ဟာ (၂၀၁၈-၁၉) ဘောလုံးရာသီမှာ အေဂျက်ဇ်အသင်းရဲ့အဓိကကျခဲ့တဲ့ကစားသမားတစ်ဦးဖြစ် ခဲ့ပြီး၊ အေဂျက်ဇ်အသင်းရဲ့ နယ်သာလန်အမှတ်ပေးချန်ပီယံဆုကိုရရှိခဲ့မှု၊ ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့် ကိုတက်ရောက်နိုင်ခဲ့မှုတွေမှာ အဓိက အခန်း ကဏ္ဍမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ အသက် (၁၉) နှစ်အရွယ် သာရှိသေးပြီး၊ အရပ်အမောင်းဟာလည်း (၆) ပေ (၄) လက်မ အထိ အမြင့်ရှိတာကြောင့် နောက်ခံလူတွေထဲမှာ ရှိသင့်ရှိထိုက်တဲ့အရပ်အမောင်းမျိုးပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

လက်ရှိအပြောင်း အရွှေ့မှာ ဒီလိုက်ဟာ အသင်း ပြောင်းရွှေ့ဖို့ရှိနေခဲ့ပြီး၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီအသင်းနဲ့ မန်ယူအသင်းတို့က ဒီလိုက် ကို အပြိုင်ကမ်းလှမ်းခဲ့ကြပေမယ့် ဒီလိုက်ကတော့ စီရော်နယ်ဒိုရှိနေတဲ့ ဂျူဗင်တပ်စ်အသင်းကိုရွေးချယ်ခဲ့ပါတယ်။ ဂျူဗင်တပ်စ် အသင်း ဟာ ဒီလိုက်အတွက် ပြောင်းရွှေ့ကြေးပေါင် (၆၃) သန်းနဲ့ကမ်းလှမ်းခဲ့ပြီး၊ အေဂျက်ဇ်အသင်းကလည်း အဆိုပါ ကမ်းလှမ်း မှုကို လက်ခံခဲ့ပါတယ်။ ဇူလိုင်လ (၁၆) ရက်နေ့၊ အီတလီဒေသစံတော်ချိန်ညပိုင်းမှာ ဒီလိုက်ဟာ တူရင်မြို့ကိုဆေးစစ်မှုခံယူဖို့ အတွက် ရောက်ရှိလာခဲ့ပြီး၊ အပြောင်းအရွှေ့ကတော့ ယခုရက်ပိုင်းအ တွင်းအပြီးသတ်ဖွယ်ရှိနေခဲ့ပါတယ်။ Golden Boy Award ဆန်ကာတင်ကစားသမားစာရင်းမှာပါဝင်နေတဲ့ ဒီလိုက်ဟာ ဥရောပကလပ်အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်ခဲ့ပြီး၊ ဂျူဗင်တပ်စ် အသင်း နဲ့ ချုပ်ဆိုခဲ့တဲ့စာချုပ်အရ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် (၁၃၅) သန်းနဲ့ လစာအနေနဲ့ကတော့ တစ်နှစ်ကိုပေါင် (၁၃.၅)သန်း အထိ ရရှိမှာဖြစ်ပါတယ်။

 

 

Related News