မန်ယူအသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတို့ဟာ တိုက်စစ်မှူး (၂) ဦးဖြစ်တဲ့ လူကာကူနဲ့ ဒိုင်ဘားလားအ ပြောင်းအရွှေ့အတွက် လက်ရှိမှာတော့ မူအားဖြင့်သဘောတူညီမှုရရှိခဲ့တယ်လို့သိရပါတယ်။ လက်ရှိအပြောင်းအရွှေ့ကာလမှာ မန်ယူအသင်းတိုက်စစ်မှူးလူကာကူဟာ အသင်းပြောင်းရွှေ့လိုတယ် လို့ဝန်ခံထားခဲ့သလို၊ ဂျူဗင်တပ်စ် တိုက်စစ်မှူး ဒိုင် ဘားလားဟာလည်း ပုံမှန်ပွဲထွက်ခွင့်ရရှိမယ့်အသင်းသစ်တစ် သင်းကိုပြောင်းရွှေ့လိုနေတာဖြစ်ပါတယ်။ ဇူလိုင်လ (၃၀) ရက်နေ့၊ ဗြိတိန်ဒေသစံတော်ချိန်ညနေပိုင်းမှာ ဒိုင် ဘားလားရဲ့အေးဂျင့်အနေနဲ့ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကိုရောက်ရှိလာခဲ့ပြီး၊ သတင်းတွေထွက်ပေါ်ထားတဲ့ အတိုင်း လူကာကူနဲ့ ဒိုင်ဘားလားဒဲ့လဲမယ့်အပြောင်းအရွှေ့ကိစ္စရပ်တစ်ခုကို မန်ယူအသင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ ပြည်ပမီဒီယာတွေ က ဖော်ပြခဲ့ကြပါတယ်။

မန်ယူအသင်းတာဝန်ရှိသူတွေနဲ့ ဒိုင်ဘားလားရဲ့အေး ဂျင့်နဲ့ဆွေးနွေးမှုတွေအရ အပြောင်းအရွှေ့ဟာမူအားဖြင့် သဘောတူညီမှုရရှိခဲ့ပြီး၊ အပြောင်းအရွှေ့ဟာဖြစ်လာ နိုင်ချေများလာခဲ့တာဖြစ်ပါတယ်။ နည်းပြဆိုးလ်ရှားအနေနဲ့ မန်ယူအသင်းတိုက်စစ်မှာ ရက်ဖို့ဒ်နဲ့ မာရှယ်လ်ကို လူကာကူထက်ဦးစားပေးအသုံးပြုနေခဲ့ပြီး၊ လူကာကူအနေနဲ့ ပုံမှန်ပွဲထွက်ခွင့်မသေချာတော့မှုကြောင့် အသင်း ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အစောပိုင်းကထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ စီးရီးအေကလပ်အင်တာမီလန်အသင်းဟာ အသင်းကနေ ထွက်ခွာမယ့် တိုက်စစ်မှူးအီကာဒီရဲ့နေရာကိုအစားထိုးဖို့အတွက် မန်ယူတိုက်စစ်မှူးလူ ကာကူကိုခေါ်ယူဖို့စီစဉ်ခဲ့ပေမယ့်လည်း မန်ယူအသင်းအလိုရှိတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်ကိုပေးချေလိုခြင်းမရှိ တာကြောင့် အပြောင်းအရွှေ့ဟာဖြစ်ပေါ်လာခြင်းမရှိတာဖြစ်ပါတယ်။လူကာကူရော ဒိုင်ဘားလားပါ လက်ရှိအသင်းမှာပုံမှန်ပွဲထွက်ခွင့်မသေချာတဲ့ကစားသမားတွေဖြစ်တာ ကြောင့် ယခုအပြောင်းအရွှေ့ဟာ ဘယ်အသင်းမှ အမြတ်မထွက်နိုင်တဲ့အပြောင်းအရွှေ့တစ်ခုဖြစ်ကြောင်းလည်း ပြည်ပမီဒီယာတွေကဖော်ပြခဲ့ကြပါတယ်။

 

Related News