ဥရောပတစ်ဝှမ်းမှာ ဆောင်းရာသီရဲ့အအေးဒဏ် မြင့်တက်မှုရှိနေချိန်မှာပဲ ဥရောပရောက် ရွှေ့ပြောင်းနေထိုင်သူတွေထဲ အအေးဒဏ်ကြောင့်သေဆုံးမှုတွေရှိလာပါတယ်။ ဆားဘီးယားနိုင်ငံ၊ ဘယ်လ်ဂရိတ်မြို့အပြင်ဘက်က စွန့်ပစ်ထားတဲ့စက်မှုဇုန်အဆောက် အအုံတွေ ထဲမှာတော့ မြို့တွင်းမှာရှိတဲ့ခိုလှုံရေးစခန်းထဲကို တရားမ၀င် ၀င်ရောက်နိုင်ခွင့်မရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာအနှုတ် နှစ်ဆယ်ဒီဂရီ ဆဲစီးယက်စ်ရှိနေတဲ့ အအေးဒဏ်ကို ခံနေရပါတယ်။ အဲ့ဒီ့မှာ အအေးဒဏ်ခံ နေရတဲ့ ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ဟာ တစ်ထောင်ကျော်အထိရှိနေတာပါ။

ဒါ့ပြင် အကူအညီပေးရေးစင်တာတွေမှာလည်း သူတို့အတွက် နေစရာ ပေးဖို့ မရှိတော့တဲ့အခြေအနေ ဖြစ်နေတယ်လို့ ဥရောပသတင်းဌာနတွေက သတင်းဖော်ပြနေပါတယ်။  ပြီးခဲ့တဲ့ သီတင်းပတ် တုန်းကတော့ ရွှေ့ပြောင်းနေထိုင်သူ ၃ ဦးဟာ သေဆုံးမှုရှိထားပါတယ်။ အသက် ၂၈ နှစ်နဲ့ ၃၅ နှစ်အရွယ် အီရတ်အမျိုးသား ၂ ဦးရဲ့ အေးခဲနေတဲ့ အလောင်းတွေကို ဆားဘီးယားနိုင်ငံ အရှေ့တောင်ပိုင်းက သစ်တောအတွင်းမှာ သောကြာနေ့တုန်းက တွေ့ရှိခဲ့ပါတယ်။ တနင်္လာ နေ့တုန်းကလည်း ရွှေ့ပြောင်းဆိုမာလီအမျိုးသမီးတစ်ဦးကို အဲ့ဒီ့ဒေသအတွင်းမှာပဲ သေဆုံးလျက်တွေ့ ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါ့ပြင် အင်္ဂါနေ့တုန်းကလည်း ဂရိနိုင်ငံမြောက်ပိုင်းမှာ အသက်နှစ်ဆယ်အရွယ် အာဖဂန်ရွှေ့ပြောင်းတစ်ဦး အေးခဲသေဆုံးနေတာကို တွေ့ရှိခဲ့ပါတယ်။ ဂရိကျွန်းတွေပေါ်မှာရောက်နေတဲ့ရွှေ့ပြောင်း နေထိုင်သူတွေ အနွေးဓာတ်ရဖို့ အဆင်မပြေ ဖြစ်နေတဲ့ အခြေအနေကို ကုလသမဂ်္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောဆိုနေပါတယ်။ 

Related News