ထိုင်းနိုင်ငံတောင်ပိုင်းမှာ အချိန်အခါမဟုတ် မိုးသည်းပြီးရေကြီးမှုတွေကြောင့် သေဆုံးသူ ၄၀ အထိ ရှိလာပြီဖြစ်ပြီး မိုးသည်းမှုဟာ နောက်ရက်တွေအထိ ရက်ဆက်နိုင်သေးတယ်လို့ ထိုင်းနိုင်ငံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးထိပ်တန်းအရာရှိတစ်ဦးက ပြောလိုက်ပါတယ်။ ခြောက်သွေ့ရာသီမှာ မိုးသည်းမှုဆက်တိုက်ဖြစ်နေလို့ ထိုင်းနိုင်ငံတောင်ပိုင်းမှာ လမ်းတွေနဲ့ မီးရထားလမ်းတွေ ပြတ်တောက်နေပြီး သီးနှံတွေအပြင် လူပေါင်း တစ်သန်းခွဲကျော်ကို သက်ရောက်မှု ရှိနေစေတယ်လို့ ထိုင်းနိုင်ငံ သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးနဲ့ လျော့ပါးသက်သာရေးဌာန အကြီးအကဲ ချက်ချိုင် ပရွတ်လာ့ က ပြောပါတယ်။

ရေကျသွားတဲ့နေရာတွေ မှာ ရှင်းလင်းရေးတွေ လုပ်နေပြီဖြစ်ပေမဲ့ မိုးသည်းမှုဟာအခုသီတင်းပတ်အတွင်း ဆိုးရွားနိုင်သေးတယ်လို့ ချက်ချိုင် ကပြော ပါတယ်။ မိုးသည်းမှုဟာ တနင်္လာနေ့အထိ ဆက်ဖြစ်နိုင်သေးတယ်လို့ ထိုင်းမိုးလေ၀ သဌာနက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ မိုးရာသီဟာ ဇွန်လကနေ နိုဝင်ဘာလအထိ ဖြစ်ပေမဲ့ အခုဖြစ်ပွားနေတဲ့ရေကြီးမှုဟာ ဇန်န၀ါရီလ ၁ ရက်ကစတင်တဲ့ အချိန်အခါ မဟုတ် မိုးသည်းမှု ကြောင့်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ ကမာ်္ဘမှာ သဘာဝရော်ဘာ ထုတ်လုပ်မှုအများဆုံး ဖြစ်ပေမဲ့ သဘာဝရာ ဘာထုတ်လုပ်ရေးအာဏာပိုင်အဖွဲ့ကတော့ ရေကြီးမှုကြောင့် ၂၀၁၆-၂၀၁၇ ခုနှစ် ရာဘာထုတ်လုပ်မှု လျော့ကျနိုင်တယ်လို့ ပြောပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ ၂၀၁၁ ခုနှစ်တုန်း ကလည်း အဆိုးရွားဆုံးရေကြီးမှုဖြစ်ပွားခဲ့လို့ သေဆုံးသူ လူပေါင်း ၉၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ 

 

 

Related News