အာဖဂန်နစ်္စတန်နိုင်ငံမှာ နှင်းတွေ ရက်ဆက်ကျဆင်းပြီး နှင်းထုပြိုကျမှုတွေကြောင့် လူပေါင်း (၁၂၀)နီးပါး သေဆုံးပြီး (၅)ဦးဒဏ်ရာရမှု ဖြစ်ပွားတယ်လို့ အာဖဂန်အာဏာပိုင်တွေက ပြောပါတယ်။ ပါဝန်ပြည်နယ်၊ ဆူကာပါဆာခရိုင်မှာ နှင်းထုပြိုကျမှုကြောင့် လူနေအိမ် အမြောက်အများ ပျက်စီးသွားတယ်လို့ ပြည်နယ်သဘာဝ ဘေးအန်္တရာယ်ကူညီ ကယ်ဆယ်ရေး ဥက္ကဋ္ဌက ပြောပါတယ်။ သုံးရက်ကြာနှင်းတွေအပြင်းအထန်ကျပြီးနောက် ဖြစ်ပွားတဲ့ နှင်းထုပြိုကျမှု တွေကြောင့် နိုင်ငံအလယ်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းပြည်နယ်တွေကအိမ်တွေ ပျက်စီးနေပြီး လမ်းတွေလည်း နှင်းတွေနဲ့ ပိတ်နေလို့ ဝေးလံတဲ့အရပ်တွေက ရွာတွေဆီကို ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေသွားရောက်ဖို့ ခက်ခဲနေပါတယ်။ ဘာ့မာတယ်ခရိုင်က ရွာနှစ်ရွာမှာဖြစ်ပွားတဲ့ နှင်းထုပြိုကျမှု တွေမှာတင် သေဆုံးသူ(၅၀)ဦးအထိ ရှိထားတာဖြစ်ပါတယ်။

ဘာမက်တယ်ခရိုင် အတွင်းက ကျန်တဲ့ရွာတွေမှာ ကယ်ဆယ်ရေးတွေလုပ်ဖို့ကြိုးစားနေကြတယ်လို့ အာဖဂန်နိုင်ငံသဘာဝ ဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးအဖွဲ့က ပြောပါတယ်။ ရာသီဥတု ဆိုးရွားတာနဲ့ နင်းထူထပ်စွာ ကျဆင်းနေတာဟာ ကယ်ဆယ်ရေးအဖွဲ့တွေ အလှမ်းဝေးတဲ့ရွာတွေဆီ ရောက်ဖို့ အခက်အခဲ ဖြစ်နေစေပြီး သေဆုံးသူအရေအတွက်လည်း မြင့်တက်လာမှာကို စိုးရိမ်ရတယ်လို့ အာဖဂန် အာဏာပိုင်တွေက ပြောပါတယ်။
 

 

Related News