အမေရိကန်နှင်းမုန်တိုင်း စတယ်လာကြောင့် လူပေါင်း ၃၁ သန်းဟာ နှင်းမုန်တိုင်း သတိပေးချက် ကြုံတွေ့နေရပါတယ်။ အဲ့ဒီနှင်း မုန်တိုင်းဟာ အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းကို နှင်း၊ လေပြင်းတွေနဲ့အတူ ၀င်ရောက်မှာဖြစ်တယ်လို့ အမေရိကန်မိုးလေ၀ သဌာနကသတိပေးချက် ထုတ်ပြန်ထားတာပါ။ စံချိန်တင်နှင်းမုန်တိုင်းဖြစ်နိုင်ချေရှိတာကြောင့် လေယာဉ်ခရီးစဉ်ပေါင်း ခုနှစ်ထောင့် ခြောက်ရာကို ဖျက်သိမ်းထားပြီး စာသင်ကျောင်းရာချီလည်း ပိတ်ထားရပါတယ်။ နှင်းမုန်တိုင်းသတိပေးချက်တွေကိုတော့ မြောက်ဗားဂျီးနီးယားပြည်နယ်ကနေ မိန်းပြည်နယ်အထိ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

လေတိုက်နှုန်းဟာ တစ်ချို့နေရာတွေမှာ တစ်နာရီကို မိုင် ၅၀ ကနေ ၆၀ အထိရှိနိုင်ပြီး မြင်ကွင်းရှင်းလင်းနိုင်စွမ်းဟာ သုညအထိဖြစ်နိုင်လို့ နှင်းမုန်တိုင်း သတိပေးချက် ထုတ်ပြန်ထားတဲ့ပြည်နယ်တွေမှာနေထိုင်သူတွေအနေနဲ့ မလိုအပ်ဘဲခရီးမသွားကြဖို့ သက်ဆိုင်ရာပြည်နယ်အာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန် ထားပါတယ်။ မုန်တိုင်းကြောင့် အမေရိကန်နိုင်ငံအရှေ့မြောက်ပိုင်းမှာနေထိုင်သူတွေ ဗုဒ္ဓဟူးနေ့မှာ သွားလာရတာ အခက်အခဲကြီးကြီး မားမားကြုံရနိုင်တယ်လို့ မိုးလေ၀သဌာနတွေက ခန့်မှန်းထားပါ တယ်။ ဒီနှင်းမုန်တိုင်းကြောင့် ဂျာမနီအဓိပတိ ““အန်ဂျလာ မာကယ်””ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ၀ါရှင်တန်မှာ တွေ့ဆုံမယ့် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ 

 

 

 

Related News