အမေရိကန်အရှေ့မြောက်ပိုင်းဒေသက ပြည်နယ်တွေစီကို ““စတယ်လာ””အမည်ရှိ နှင်းမုန်တိုင်း စတင်တိုက်ခတ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ အမေရိကန်ပြည်ထောင်စုအတွင်းရှိလမ်းတွေမှာ နှင်းဖုန်းလွှမ်းမိုးမှုတွေ၊ ဖြစ်ပေါ်နေပြီး မီးပွိုင့်တွေမှာ ကားပိတ်ဆို့နေတာပါတယ်။ အမေရိကန်ပြည်ထောင်စု အရှေ့မြောက်ပိုင်းဒေသက ပြည်နယ်တွေဆီစတယ်လာ အမည်ရှိ နှင်းမုန်းတိုင်းဝင်ရောက် တိုက်ခတ်နေပြီဖြစ်ပါတယ်။ အမေရိကန်နိုင်ငံအတွင်း နှင်းမုန်တိုင်း ၀င်ရောက် တိုက်ခတ်နေတာကြောင့် ဂျာမနီအဓိပတိ မာကယ်လ်ရဲ့ အမေရိကန်ချစ်ကြည်ရေးခရီးစဉ်ကို ရွေဆိုင်းထားရပါတယ်။

အမေရိကန် ပြည်ထောင်စုအတွင်းရှိလမ်းတွေမှာ နှင်းဖုံးလွမ်းမှုတွေဖြစ်ပေါ်နေပြီး မီးပွိုင်တွေမှာ ကားပိတ်ဆို့မှုတွေဖြစ်နေပါတယ်။နယူးယောက်မြို့အပြင် နယူးဂျာဆီမြောက်ပိုင်း၊ ပင်ဆယ်ဗေးနီယားနဲ့ ဗာဂျီးနီယားပြည်တွေမှာ နှင်းမုန်တိုင်း သတိပေးချက်တွေကို မိုးလေ၀သဌာနက ထုတ်ပြန်ထားပါတယ်။ နှင်းမုန်းတိုင်းကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရပြီး လေယာဉ်ခရီးစဉ် ထောင်ချီ ဖျက်သိမ်းထားရတယ်လို့  အမေရိကန်  မိုးလေ၀သ တာဝန်ရှိသူတွေကပြောပါတယ်။ လက်ရှိအချိန်မှာ လေတိုက်နှုန်းတစ်နာရီ မိုင်၆၀နှုန်းရှိနေပြီး အမေရိကန်အရှေ့မြောက်ပိုင်းမှာ သွားလာဖို့ အခက်ခဲတွေရှိနေပါတယ်။ နယူးယောက်မြို့တော်ဝန်ကတော့ မြို့တစ်ခုလုံးကို နှင်းမုန်တိုင်းတိုက်ခတ်မှု ပျံနှံနေပြီး ခန့်မှန်းထားသလောက်မဆိုးရွားဘူးလို့ ပြောပါတယ်။ 

 

 

Related News