Irmaဟာရီကိန်းသည် မိုးသည်းထန်စွာရွာသွန်းမှု၊ ပြင်းထန်သောလေတိုက်နှုန်းတို့နှင့်အတူဖလော်ရီဒါတောင်ပိုင်းသို့ ယမန်နေ့ကစတင်ဝင်ရောက်ခဲ့ရာ အိမ်ဖြူတော်လူမှုမီဒီယာညွှန်ကြားရေးမှူး Dan Scavinoက မိုင်ယာမီအပြည်ပြည် ဆိုင်ရာလေဆိပ် ရေနစ်မြုပ်လျက်ရှိပြီဟု ၎င်းပြောကြားခဲ့သည့် ဗွီဒီယိုတစ်ခုကိုလူမှုကွန်ယက်တွင် ဖော်ပြခဲ့ကြောင်းသိရသည်။ ထို့နောက် Scavinoသည် ၎င်းအနေဖြင့် သမ္မတဒေါ်နယ်ထရန့်နှင့် ဒုတိယသမ္မတမိုက်ခ်ပန့်စ်တို့ထံ ဝေမျှခဲ့သည်ဆိုသည့် Irmaဟာရီကိန်းမုန်တိုင်းနှင့် ပတ်သက်သည့် လူမှုကွန်ယက်တွင်ဖော်ပြခဲ့သည်များအနက် အဆိုပါ မှားယွင်းနေသည့် ဖော်ပြချက်ကိုဖျက်ပစ်ခဲ့ကြောင်းသိရသည်။

Scavino က “ဒါမိုင်ယာမီအပြည်ပြည်ဆိုင်ရာလေဆိပ်ပါ။ ဘေးလွတ်ရာနေကြပါ။” ဟုရေဖုံးလွှမ်းနေသည့်လေဆိပ်တစ်ခုအားရိုက်ကူးထားသည့် ဗွီဒီယိုတစ်ခုကိုလူမှုကွန်ယက်ပေါ် တွင် သမ္မတဒေါ်နယ်ထရန့်နှင့် ဒုတိယသမ္မတမိုက်ခ်ပန့်စ်တို့နှင့်အတူ ဝေမျှခဲ့ခြင်းဖြစ်သည်။ အဆိုပါဗွီဒီယိုသည် မိုင်ယာမီအပြည်ပြည်ဆိုင်ရာလေဆိပ်မှမဟုတ်ကြောင်း ၎င်း၏ဖော်ပြချက်ကိုမိုင်ယာမီအပြည်ပြည်ဆိုင်ရာလေဆိပ်ကလူမှုကွန်ယက်ပေါ်တွင် တုံ့ပြန်ဖော်ပြခဲ့ကြောင်းသိရသည်။ Scavino က မှားယွင်းဖော်ပြခဲ့သည့် ဗွီဒီယိုကိုဖျက်ပစ်ခဲ့ပြီးနောက် ၎င်းအနေဖြင့် မှားယွင်းဖေါ်ပြမိကြောင်းလေဆိပ်အား ပြန်ကြားခဲ့ကြောင်းသိရသည်။ 

 

 

Related News