အပူပိုင်းမုန်တိုင်း တာလင်မ်ဟာ ဂျပန်နိုင်ငံမြောက်ပိုင်းက ဟော်ကိုင်းဒိုးကျွန်းကို ၀င်ရောက် တိုက်ခတ်ခဲ့ပြီး မုန်တိုင်းကြောင့် သေဆုံးသူ(၂)ဦးရှိခဲ့တဲ့အပြင် ဒဏ်ရာရသူ(၃၅)ဦးရှိနေပါတယ်။ အပူပိုင်းမုန်တိုင်းတလင်မ်ဟာ ဂျပန်နိုင်ငံမြောက်ပိုင်းက ဟော်ကိုင်းဒိုးကျွန်းကို ၀င်ရောက်ခဲ့ ပါတယ်။ မုန်တိုင်းကြောင့် သေဆုံးသူ(၂)ဦးရှိပြီး(၃)ဦးပျောက်ဆုံးနေတဲ့အပြင် ဒဏ်ရာရသူ(၃၅)ဦး ရှိနေတယ်လို့ ဂျပန်ရဲတပ်ဖွဲ့နဲ့ ဂျပန်မီးသတ်တပ်ဖွဲ့က ပြောပါတယ်ဆိုပြီး ဂျပန်နိုင်ငံက NHK သတင်းဌာနက သတင်းဖော်ပြပါတယ်။ ဂျပန်မိုးလေ၀သဌာနက တိုင်ဖွန်းမုန်တိုင်းအဖြစ်ကနေ အပူပိုင်းမုန်တိုင်းအဖြစ် စက်တင်ဘာလ(၁၇)ရက်မှာ အဆင့်လျော့ချသတ်မှတ်ခဲ့ပါတယ်။
 
မုန်တိုင်း ဗဟိုချက်မှာ လေတိုက်နှုန်းက တစ်နာရီကို(၁၀၈)ကီလိုမီတာလောက်အထိရှိနေတယ်လို့ ဂျပန်မိုးလေ၀သဌာနကပြောပါတယ်။ စက်တင်ဘာလ(၁၇)ရက်မှာ အပူပိုင်းမုန်တိုင်းတာလင်မ်က ဂျပန်နိုင်ငံအရှေ့ပိုင်းနဲ့အနောက်ပိုင်းတွေကို ၀င်ရောက်တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် ဂျပန်နိုင်ငံ တစ်ဝန်းလုံးမှာ ပို့ဆောင်ရေးအခက်အခဲတွေ တွေ့ကြုံနေရပါတယ်။ကျူရှူနဲ့ရှီကိုကူဒေသတွေကို အသွားအပြန် ပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်(၈၀၀)လောက်ကို ဖျက်သိမ်းခဲ့ပြီး ဟော်ကိုင်းဒိုးကျွန်းနဲ့ တိုဟိုကူဒေသတွေကို အသွားအပြန်ပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ်(၂၇၀)ကျော်ကို အချိန်ရွှေ့ဆိုင်း ခဲ့ပါတယ်။ မုန်တိုင်းကြောင့် မိုးကြီးလာနိုင်လို့ ရေကြီးတာ၊ မြေပြိုတာနဲ့ လှိုင်းကြီးတာတွေ ဖြစ်လာနိုင်တယ်လို့ ဂျပန်မိုးလေ၀သဌာနကပြောပါတယ်။
 
 
 
 

Related News