မက္ကဆီကိုနိုင်ငံမှာ စက်တင်ဘာလ(၁၉)ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် မြို့တော် မက္ကဆီကိုမြို့က စာသင် ကျောင်းတစ်ကျောင်းမှာ ပိတ်မိနေတဲ့ကလေးငယ်တွေကို ကယ်တင်နေတဲ့ ကယ်ဆယ်ရေးသမားတွေဟာအပျက်အစီးတွေအောက်ရောက်နေတဲ့ ကလေးငယ်တွေကို ကယ်ဆယ်ဖို့ အချိန်လုလုပ်ဆောင်နေရပါတယ်။ ငလျင်ဒဏ်သင့်စာသင်ကျောင်းပြိုကျခဲ့လို့ ကလေးငယ်(၁၂)ဦးနဲ့ အရွယ်ရောက်ပြီးသူ(၅)ဦး သေဆုံးခဲ့ပြီး ပျောက်ဆုံးနေ သူအများအပြားရှိနေပါတယ်။မက္ကဆီကိုနိုင်ငံ ကြည်းတပ်နဲ့ရေတပ်ကတပ်ဖွဲ့ဝင်ဦးရေ (၅၀၀)လောက်နဲ့ ရဲတပ်ဖွဲ့ဝင်ဦးရေ (၂၀၀)လောက်အပြင် စေတနာ့ဝန်ထမ်းတွေကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို ၀ိုင်းဝန်းလုပ်ဆောင်နေ ကြပါတယ်။ငလျင်ဒဏ်သင့်ကျောင်းကနေ ကယ်ထုတ်နိုင်ခဲ့သူ(၅၂)ဦးရှိပြီလို့ မက္ကဆီကိုမြို့ အာဏာပိုင်တွေက စက်တင်ဘာလ(၂၀)ရက်မှာ ပြောပါတယ်။ ပြင်းအား(၇)ဒဿမ(၁)မဂ္ဂနီကျူအဆင့်ရှိတဲ့ ငလျင်လှုပ်ခတ် ခဲ့မှုကြောင့် မက္ကဆီကိုနိုင်ငံတစ်ဝန်းမှာ သေဆုံးသူဦးရေ(၂၃၀)ကျော်ရှိနေပြီလို့ မက္ကဆီကိုအာဏာပိုင်တွေက သတင်း ထုတ်ပြန်ပါတယ်။ငလျင်ဒဏ်ခံခဲ့ရတဲ့ပြည်သူတွေအတွက် ၀မ်းနည်းဖွယ်နေ့အဖြစ် ရက် (၃)ရက်သတ်မှတ်လိုက်ပြီလို့  မက္ကဆီကိုနိုင်ငံသမ္မတ ပီနာနေးတိုက ကြေညာခဲ့ပါတယ်။

 

Related News