သြစတေးလျနိုင်ငံတောင်ပိုင်းမှာဖြစ်ပွားနေတဲ့တောမီးလောင်မှုတွေကို ထိန်းချုပ်နိုင်ပြီဖြစ်တယ်လို့ သြစတေးလျမီးသတ်ဌာနက ပြောပါတယ်။ ရာသီဥတုအေးလာပြီး မီးညွှန့်ကျိုးလာတာကြောင့် နိုင်ငံတောင်ပိုင်းရှားဝုဒေသမှာ ဖြစ်ပွားနေတဲ့တောမီးလောင်မှုတွေကို အရေးပေါ်အခြေအနေ သတ်မှတ်ထားတာကနေ စောင့်ကြည့်အဆင့်အဖြစ် သြစတေးလျမီးသတ်ဌာနက လျှော့ချ သတ်မှတ်လိုက်ပါတယ်။ 

တောမီးလောင်မှုကြောင့် စိုက်ပျိုးမြေဟတ်တာ(၁၂၀၀၀)လောက်ပျက်စီးခဲ့ပေမဲ့ လူတွေထိခိုက်ဒဏ်ရာ ရတာတော့မရှိဘူးလို့ သိရပါတယ်။ မီးသတ်သမားတွေက တစ်ညလုံး အခြေအနေကို စောင့်ကြည့်နေခဲ့ကြပြီး ဒေသခံတွေကိုလည်း အခြေအနေ အပြောင်းအလဲ အပေါ် သတိရှိကြဖို့ တိုက်တွန်းထားပါတယ်။ တောမီးလောင်တာကြောင့် ဒူ့ခ်အဝေးပြေးလမ်းမကြီးကို စနေနေ့နေ့လည်ပိုင်းမှာပိတ်ထားခဲ့ပေမဲ့ ညနေပိုင်းမှာတော့ ပြန်ဖွင့်ပေးခဲ့ပါတယ်။

မီးလောင်မှုကြောင် ဂိုဒေါင်(၂)လုံးပျက်စီးသွားပြီး အိမ်တွေနားထိ မီးညွှန့်တွေရောက်ခဲ့တယ်လို့ သြစတေးလျ မီးသတ်ဌာနက စနေနေ့နေ့လည်ပိုင်းမှာ ပြောပါတယ်။ မီးသတ်သမားအယောက်(၁၅၀) ကျော်လောက်က မီးလောင်မှုကို ငြိမ်းသတ်နေပြီး မီးဘာကြောင့်စလောင်တယ်ဆိုတာကို စုံစမ်းမှုတွေပြု လုပ်နေပြီလို့ အာဏာပိုင်တွေကပြောပါတယ်။ 

 

 

Related News