တရုတ်နိုင်ငံအနောက်မြောက်ဘက်ကရှန်းဇီပြည်နယ်မှာရှိတဲ့ ရှီအန်းမြို့မှာ ဇန်န၀ါရီလ(၆)ရက် မနက်က ဈေးရုံ(၁)ရုံရဲ့ခေါင်မိုးပြို ကျခဲ့တာကြောင့် လူ(၈)ဦးဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ နှင်းတွေကျနေတာကြောင့် ဈေးရုံခေါင်မိုးပြိုကျခဲ့တာပါ။ဒီဖြစ်စဉ်ကြောင့် (၇)ဦးက ပွန်းပဲ့ရုံပဲ ဒဏ်ရာရခဲ့ပေမဲ့ (၁)ဦးက ဒဏ်ရာပြင်းထန်တယ်လို့ ဈေးမန်နေဂျာ ၀မ်မြောင်လင်းက ပြောပါတယ်။ ဒေသအာဏာပိုင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အန္တရာယ်ကင်းရှင်းရေးအကြီးအကဲတွေနဲ့ စက်မှုနဲ့စီးပွားရေး ဌာနတွေက အကြီးအကဲတွေကလည်း အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး စုံစမ်းနေပြီ ဖြစ်တယ်လို့ ပြောပါတယ်။
 
ဈေးထဲမှာရောင်းဝယ်နေသူတွေအားလုံးကို နေရာရွှေ့ထားတယ်လို့လည်း မြို့အာဏာပိုင်တွေကပြောပါတယ်။ ဈေးကိုလည်းခဏပိတ်ထားပြီး အရံအကာတွေ ကာရံထားပါတယ်။ ရာသီဥတုအေးတာကြောင့် ခေါင်မိုးပေါ်ကနှင်းတွေကိုရှင်းလင်းရေး မလုပ်နိုင်သေးဘူးလို့ ၀မ်ကပြောပါတယ်။ နှင်းထုက(၂၀)စင်တီ မီတာလောက်အထိရှိနေပြီး နှင်းထုအလေးချိန်ကြောင့် ဈေးရုံခေါင်မိုးပြိုကျတာ ဖြစ်နိုင်တယ်လို့ ၀မ်ကပြောပါတယ်။ ခေါင်မိုးပြို ကျတဲ့ဈေးရုံဟာ သစ်သီးတွေလက်ကားရောင်းချတဲ့ဈေးရုံဖြစ်ပြီး ဧရိယာ(၄)ဟတ်တာ လောက်ကျယ်ပါတယ်။ 
 
 
 

Related News