ပြီးခဲ့တဲ့(၃၆)နာရီအတွင်း နှင်းတွေဆက်တိုက်ကျဆင်းခဲ့တာကြောင့် ရုရှားနိုင်ငံမြို့တော် မော်စကိုမှာ တစ်လစာနှင်းကျတဲ့ ပမာဏထက်ကျော်လွန်နေပြီလို့ မော်စကိုမြို့တော်ဝန်က ပြောပါ တယ်။ ရုရှားနိုင်ငံမြို့တော်မော်စကိုမှာ ဖေဖော်ဝါရီလ(၄)ရက်နဲ့(၅)ရက်(၂)ရက်ဆက် နှင်းကျခဲ့တာ ကြောင့် နှင်းကျဆင်းမှုစံချိန်ချိုးခဲ့ပြီး တစ်လစာကျဆင်းတဲ့နှင်းထုရဲ့ပမာဏကိုကျော်ခဲ့ပြီလို့ ရိုက်တာသတင်းဌာနကသတင်းဖော်ပြပါတယ်။ နှင်းတွေကျခဲ့တာကြောင့် သစ်ပင်(၂၀၀၀)ကျော် လဲကျခဲ့ပြီး ဓာတ်တိုင်တွေလည်းလဲနေတဲ့အပြင် သစ်ပင်(၁)ပင်က ဓာတ်တိုင်ကိုသွားတိုက်မိခဲ့တာ ကြောင့် လူ(၁)ဦးသေဆုံးပြီး နောက်ထပ်လူ(၅)ဦးဒဏ်ရာရခဲ့တယ်လို့ မော်စကိုမြို့တော်ဝန် ဆာဂေး ဆိုဗျန်နင်က ပြောခဲ့ပါတယ်။

နှင်းတွေကြောင့် မော်စကိုလေဆိပ်မှာလေကြောင်းခရီးစဉ် ဒါဇင်ချီဖျက်သိမ်းခဲ့ရပြီး ကားလမ်းတွေမှာလည်း နှင်းတွေဖုံးနေတာကြောင့် လမ်း ပိတ်ဆို့မှုတွေ ဖြစ်နေတဲ့ အတွက် ရုရှားစစ်သား(၁၀၀)ကျော်ဟာ နှင်းရှင်းလင်းယာဉ်(၂)စီး၊ ထရပ်ကား(၁)စီးနဲ့ ရှင်းလင်းရေးလုပ် ငန်းတွေ ၀ိုင်းဝန်းလုပ်ဆောင်ပေးနေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ဖေဖော်ဝါရီလ(၅)ရက်က မော်စကို မြို့အပူချိန်ဟာ အနုတ်(၁၂)ဒီဂရီဆဲလ်ဆီးယက်စ် အထိကျဆင်းခဲ့တာကြောင့် ကျောင်းတွေပိတ်ထားပြီး မြို့ခံတွေအနေနဲ့ ကိုယ်ပိုင်ကားတွေကို အိမ်မှာထားခဲ့ပြီး ဘတ်စ်ကားနဲ့ရထားတွေကိုသာ စီးနှင်းကျဖို့ အာဏာပိုင်တွေက တိုက်တွန်း နေပါတယ်။

နှင်းအမြင့်ဟာ (၁)မီတာကျော်နေပြီး ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် အပူချိန်ကျဆင်းနေတဲ့အတွက် နှင်းတွေကျနေတာဖြစ်တယ်လို့ ရုရှားသဘာဝဘေးဆိုင်ရာ ၀န်ကြီးဌာနရဲ့ ပြောခွင့်ရှိသူ ဆာဂေး ဖိုဖာနော့ကပြောပါတယ်။

 

 

 

Related News