တရုတ်နိုင်ငံတောင်ပိုင်းက ဟိုင်နန်ပြည်နယ်မှာ ဖေဖော်ဝါရီလ(၂၄)ရက်ညနေပိုင်းက မြူတွေကျနေတာကြောင့် တစ်ဖက်ကမ်းကို ကူးမယ့်သင်္ဘောခရီးစဉ်တွေ ရပ်ဆိုင်းထားရတဲ့အတွက် ခရီးသည်ထောင်ချီဟာ အဲဒီသင်္ဘောခရီးစဉ်ပြန်စမယ့်အချိန်ကို ဆက်စောင့်နေရပါတယ်။ ဟိုင်ကူမြို့ဆိပ်ကမ်းမှာ ဖေဖော်ဝါရီလ(၂၄)ရက်မနက်ပိုင်းက မြူတွေပျောက်သွားတဲ့နောက် မြင်ကွင်းသဲကွဲခဲ့ပေမဲ့ ဂွမ်ဒေါင်းပြည်နယ်ဘက်ကို ကမ်းကပ်ရာမှာတော့ မြူတွေကြောင့် အဆင်မပြေ ဖြစ်နေပါတယ်။ ဟိုင်ကူဆိပ်ကမ်းမှာ ခရီးသည်တွေနဲ့ကားတွေတင်ထားတဲ့ အကြိုအပို့ ရေယာဉ်တွေလည်း စောင့်နေရပြီး ရာသီဥတုအခြေအနေကောင်းတာနဲ့ ဆိပ်ကမ်းက နေစထွက်မယ်လို့ ရေယာဉ်မှူးတွေကပြောတယ်ဆိုပြီး CCTV သတင်းဌာနကသတင်းဖော်ပြပါတယ်။ ပို့ဆောင်ရေး အခက်အခဲတွေ့နေတာ ရက်အတော်ကြာပြီဖြစ်လို့ ယာဉ်ကြောပိတ်ဆို့မှုတွေ လျော့ပါးရေးအားထုတ် ဆောင်ရွက်မှုတွေကို ဒေသအာဏာပိုင်တွေနဲ့ ယာဉ်ထိန်းဌာနတို့က တိုးမြှင့်နေကြပါတယ်။ ဟိုင်နန်ပြည်နယ်မှာ ပြီးခဲ့တဲ့ဗုဒ်္ဓဟူးနေ့ကတည်းက မြူတွေကျနေတာကြောင့် သွား လာရေးအခက်အခဲ တွေ့နေတာဖြစ်ပြီး ကြာသပတေးနေ့ကတည်းက အာဏာပိုင်တွေနဲ့ပို့ဆောင်ရေးကုမ္ပဏီတွေက မြူတွေနည်း သွားရင် ခရီးသည်တွေနဲ့ယာဉ်တွေကို ပို့ဆောင်နိုင်ရေးလုပ်နေကြပါတယ်။ 

 

 

Related News