ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အပူချိန်ကျဆင်းမှုနဲ့ အအေးလွန်ကဲမှုတွေကြောင့် ဥရောပတိုက်မှာ သေဆုံးသူ(၂၄)ဦးရှိပြီး သေဆုံးသူတွေထဲမှာ အသက်ကြီးသူတွေ လည်းပါဝင်နေပါတယ်။ 
ဥရောပတိုက်မှာ ညအပူချိန်ကျဆင်းခဲ့တာကြောင့် ရထားမောင်းသူတွေအတွက် အန်္တရာယ်သတိပေးချက်တွေစတင်ထုတ်ပြန် ထားပြီး ဥရောပတိုက်တစ်ခုလုံးမှာ အအေးလွန်ကဲမှုနဲ့ဆက်စပ်နေတဲ့သေဆုံးသူ(၂၄)ဦးရှိတယ်လို့ င်္ဗဏသတင်းအေဂျင်စီကသ တင်းဖော်ပြပါတယ်။

အအေးလွန်ကဲမှုကြောင့် ပိုလန်နိုင်ငံမှာ သေဆုံးသူ(၉)ဦးအနည်းဆုံးရှိခဲ့ပြီး ပြင်သစ်နိုင်ငံမှာ (၄)ဦး၊ လစ်သူ ဝေးနီးယားနိုင်ငံမှာ (၅)ဦး၊ ချက်နိုင်ငံမှာ(၃)ဦး၊ ရိုမေးနီးယားနိုင်ငံမှာ(၂)ဦးနဲ့ အီတလီနိုင်ငံမှာ အိမ်ယာမဲ့သူ(၁)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ သေဆုံးသူတွေထဲမှာ အမျိုးသမီးကြီးတွေလည်းပါဝင်ခဲ့ပြီး ပြင်သစ်နိုင်ငံမှာ အိမ်နားကဂိတ်အပြင်ဘက်မှာ အမျိုး သမီးကြီး(၁)ဦးသေဆုံးခဲ့သလို ရိုမေးနီးယားနိုင်ငံက လမ်းပေါ်မှာရပ်ထားတဲ့ကား(၁)စီးထဲ အသက်(၈၃)နှစ်အရွယ်အမျိုးသမီး ကြီး(၁)ဦးသေဆုံးခဲ့ပါတယ်။ အအေးလွန်ကဲမှုကြောင့် နှင်းတွေနဲ့ရေခဲတွေကျနေပြီး လမ်းပိတ်ဆို့မှုတွေဖြစ်နေတဲ့အပြင် တောင် တန်းဒေသတွေမှာလည်း လေပြင်းတွေတိုက်နေတဲ့အတွက် နှင်းတောင်ပြိုကျမှုတွေဖြစ်နေပါတယ်။

စပိန်နိုင်ငံမှာလည်း အမ်မာ နှင်းမုန်တိုင်းဝင်တိုက်နေတာကြောင့် အနည်းဆုံးပြည်နယ်အခု(၂၀)မှာ နှင်းများနိုင်တယ်လို့ သတိပေးချက်တွေထုတ်ပြန်ထားပါ တယ်။ ရာသီဥတုခန့်မှန်းသူတွေက အခု(၁)ပတ်မှာ ရာသီဥတုပိုဆိုးလာနိုင်တယ်လို့ သတိပေးထားတဲ့အတွက် အပျော်ခရီးထွက် တာတွေကိုရှောင်ရှားဖို့ ဒေသခံတွေကို အာဏာပိုင်တွေကတိုက်တွန်းနေပါတယ်။ ကားထဲမှာ စောင်တွေ၊ ဖျော်ရည်အပူတွေနဲ့တူ ရွင်းပြားတွေယူသွားဖို့ ကားနဲ့သွားလာသူတွေကိုသတိပေးထားပြီး ကားထဲကနေမထွက်နိုင်တဲ့လူကြီးတွေကို စောင့်ရှောက်ပေး ကြဖို့လည်း အာဏာပိုင်တွေက တိုက်တွန်းနေပါတယ်။

 

 

Related News