ပေါ်တူဂီနိုင်ငံကမ်းခြေတစ်လျှောက်ကို ဖီးလစ်က်စ်အမည်ရှိမုန်တိုင်းဝင်တိုက်နေတဲ့အတွက် လှိုင်းကြီးနေပြီး ရေကြီးတာတွေနဲ့မြေ ပြိုတာတွေဖြစ်နေပါတယ်။ မုန်တိုင်းကြောင့်သစ်ပင်တွေ လဲကျနေတဲ့အတွက် လမ်းတွေပိတ်ဆို့နေပါတယ်။ မတ်လ(၉)ရက်က တည်းကမိုးကြီးနိုင်ပြီး လေပြင်းတွေကြောင့် လှိုင်းကြီးနိုင်တယ်လို့ ပေါ်တူဂီမိုးလေ၀သဌာနကသတိပေးချက်ထုတ်ပြန် ထားပါတယ်။

မတ်လ(၁၁)ရက်ညနေပိုင်းအထိ အနီရောင်အဆင့်သတိပေးချက်ထုတ်ပြန်ထားပြီး မုန်တိုင်းအရှိန်ကြောင့် တဂတ်စ်မြစ်ရေမြင့် တက်နေတဲ့အတွက် လမ်းတွေပေါ်ရေရောက်ပြီး သွားလာရေးခက်ခဲနေပါတယ်။ နိုင်ငံမြောက်ပိုင်းနဲ့အလယ်ပိုင်းမှာ မိုးဆက်ကြီးနိုင်ပြီး မိုးကြိုးပစ်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ မိုးလေ၀သဌာနကသတိပေးထားပါတယ်။ မတ်လ(၁၁)ရက်နောက်ပိုင်းမှာတော့ ရေပြန်ကျသွားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

 

 

Related News