မေလ(၁၁)ရက်က တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ မြူတွေကျခဲ့လို့ တရုတ်မိုးလေ၀သဌာနက အ၀ါရောင်အဆင့်သတိပေးချက် ထုတ်ပြန်ထားပါတယ်။ တရုတ်နိုင်ငံအနောက်တောင်ပိုင်းချုံကင်းမြို့မှာ မေလ(၁၁)ရက်မနက်ပိုင်းက မြူတွေကျခဲ့လို့ အဝေးပြေးလမ်းမကြီးတွေနဲ့ ယန်ဇီမြစ်ကြောင်းတို့မှာယာဉ်ကြောပိတ်ဆို့မှုနဲ့ သွားလာရေးထိခိုက်မှုတွေဖြစ်ခဲ့ပါတယ်။ မြူတွေကြောင့် ချုံကင်းမြို့ကနေရာတ ချို့မှာ မီတာ(၂၀၀)လောက်အကွာအဝေးကိုပဲမြင်နိုင်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ ဒေသမိုးလေ၀သဌာနက အ၀ါရောင် အဆင့်သတိပေးချက်ထုတ်ပြန်ထားပြီး ဒါဟာ တတိယအမြင့်ဆုံးသတိပေးချက်ဖြစ်တယ်လို့ တရုတ်အစိုးရပိုင် CCTV သတင်းဌာန ကသတင်းဖော်ပြပါတယ်။

ချုံကင်းမြို့အနောက်မြောက်ပိုင်းက ၀ူရှန်ကောင်တီမှာ မြူနဲ့မိုးရေတွေကျနေတာကြောင့်  ရှန်ဟိုင်းနဲ့ စီချွန်ပြည်နယ်တို့ကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ ယာဉ်အန္တရာယ်တွေရှိလာနိုင်ပါတယ်။ မြူထူတပ်တဲ့နေရာ တွေမှာ ယာဉ်ထိန်းရဲတွေက လမ်းကြောရှင်းပေးနေကြပါတယ်။ တရုတ်နိုင်ငံက အရှည်ဆုံးယန်ဇီမြစ်မှာ မြူနှင်းကြောင့် ရေ ကြောင်းသွားလာတာတွေထိခိုက်ခဲ့တာကြောင့် ရေကြောင်းထိန်းသိမ်းရေးအရာရှိတွေက ကင်းလှည့်တာတွေတိုးမြှင့်ဆောင်ရွက် နေပြီး အန္တရာယ်ကင်းဖို့ ရေယာဉ်တွေကို သတိပေးနေပါတယ်။ 

 

 

 

Related News