လာအိုနိုင်ငံအရှေ့ဘက် နခွန်ဖနွန်ပြည်နယ်မှာမေလ(၁၇)ရက်က နွေမုန်တိုင်းတိုက်ခတ်ခဲ့တာကြောင့် လူနေအိမ်တွေနဲ့ကားတွေ ပျက်စီးခဲ့တာကြောင့် နိုင်ငံစစ်ရေးအရာရှိတွေနဲ့ နခွန်ဖနွန်ပြည်နယ်အရာရှိတွေက ပျက်စီးမှုတန်ဖိုးတွေကိုအကဲဖြတ်ပေးဖို့နဲ့ ကယ်ဆယ်ရေး အကူအညီတွေပေးဖို့ ပြည်သူတွေကတောင်းဆိုထားပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီးနိုင်ငံရဲ့ ကြည်းတပ်အခြေ စိုက်စခန်းက မေလ(၁၇)ရက်မှာပဲ ပျက်စီးသွားတဲ့ဒေသခံတွေရဲ့ အိမ်တွေပြုပြင်ရေး အတွက် တပ်တွေစေလွှတ်ပေးခဲ့ပါတယ်။ မုန်တိုင်းတိုက်ခတ်မှုကြောင့် ဒေသခံအတော်များများ ရွှေ့ပြောင်းခဲ့ရပြီး ကျန်တဲ့ဒေသခံတွေကတော့ သူတို့ရဲ့အိမ်နီးချင်းတွေနဲ့ အတူလုံခြုံတဲ့ အကာအကွယ်တွေအောက်မှာ ခိုလှုံခဲ့ရပါတယ်။

အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး သေဆုံးသူနဲ့ ဒဏ်ရာရသူ အရေအတွက် ကိုတော့ထုတ်ပြန်ထားခြင်းမရှိသေးပါဘူး။ ဒဏ်ရာရတဲ့ဒေသခံတချို့ကိုတော့ ဆေးရုံတွေကိုပို့ပေးထားပြီး ကုသမှုတွေပေးနေ တယ်လို့ နခွန်ဖနွန်အာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့အပတ်တုန်းကလည်း လာအိုနိုင်ငံအရှေ့မြောက်ပိုင်းမှာ ပြင်းထန်တဲ့ မုန်တိုင်းတိုက်ခတ် ခဲ့တာကြောင့် ခရိုင်(၅)ခုက အိမ်(၂၀၀)လောက်ပျက်စီးခဲ့ပါတယ်။ 

 

 

Related News