သီရိလင်္ကာနိုင်ငံမှာ ရာသီဥတုဆိုးနေတာကြောင့် ခရိုင်(၁၇)ခုကဒေသခံအယောက်(၆၈၀၀၀)ကျော်ဟာ အခက်အခဲတွေတွေ့နေကြပါတယ်။ အဲဒီရာသီဥတုအခြေအနေတွေကြောင့် လူ(၉)ဦးသေဆုံးခဲ့တယ်လို့ သီရိလင်္ကာသဘာဝဘေးစီမံခန့်ခွဲရေးစင်တာက အတည်ပြုပါတယ်။ အိမ်(၁၉)လုံးလုံးဝပြိုကျခဲ့ပြီး အိမ်(၉၁၈)လုံးမှာတော့ တစိတ်တပိုင်းပျက်စီးခဲ့ပါတယ်။ ရတနာပူရခရိုင်မှာတော့ အပျက်အစီးအများဆုံးဖြစ်နေပြီး မိသားစု(၄၀၀၀)ကျော်က ရာသီဥတုဆိုးတဲ့ဒဏ်ခံနေရတယ်လို့သိရပါတယ်။ မေလ(၂၃)ရက် နေ့လည်ပိုင်းအထိ မိုးဆက်ရွာနေတာကြောင့် ရတ်နာပူရမြို့လည်မှာ ရေတွေလျှံနေပြီး မြို့ကလမ်းမတွေရေထဲမြုပ်နေတာကြောင့် သွားလာရေးကိုထိခိုက်နေတယ်လို့ သီရိလင်္ကာရဲတပ်ဖွဲ့ကပြောပါတယ်။ 

 

 

Related News