မေလ(၁၉)ရက်ကနေ မေလ(၂၁)ရက်အထိ အာဖရိကတိုက်က ဂျီဘူတီနိုင်ငံမြို့တော်ဂျီဘူတီမှာ အပူပိုင်းမုန်တိုင်းဆာဂါကြောင့် မိုးကြီးနေပြီး ရေလွှမ်းမိုးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။ ရေလွှမ်းမိုးတာတွေက လူ(၂)ဦးသေဆုံးခဲ့ပြီး လူ(၂)သောင်းကျော်ကို ထိခိုက်စေခဲ့ပါတယ်။ အရေးပေါ်ဖြေရှင်းရေးတပ်ဖွဲ့ကို ဂျီဘူတီအစိုးရကဖွဲ့စည်းခဲ့ပြီး မြို့တော်မှာရေစုပ်စက်တွေနေရာချထားနေ တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ယီမင်နဲ့ဆိုမာလီယာနိုင်ငံတို့ကြားမှာရှိတဲ့ အေဒင်အငူမှာ အဲဒီမုန်တိုင်းစဖြစ်ခဲ့ပြီးနောက် အာဖရိကတိုက်ထဲက ဆိုမာလီယာနိုင်ငံနဲ့ ဂျီဘူတီနိုင်ငံတို့ကို မုန်တိုင်းဝင်ခဲ့တာပါ။ မုန်တိုင်းကြောင့် သေဆုံးသူအနည်းဆုံး(၁၅)ဦး ရှိပြီး လူသောင်းချီအခက်အခဲတွေ့နေရပါတယ်။

 

 

Related News