အိုမန်နိုင်ငံတောင်ပိုင်းမှာမေလ(၂၅)ရက်က မိုက်ကူနူဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ခဲ့လို့ အသက်(၁၂)နှစ်အရွယ် မိန်းကလေးသေဆုံးခဲ့တဲ့အပြင် နောက်ထပ်လူ(၃)ဦးဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေကအတည်ပြုခဲ့ပါတယ်။ မုန်တိုင်းတိုက်ခတ်ခဲ့ပြီး နံရံပြိုကျခဲ့တာကြောင့်အသက်(၁၂)နှစ်အရွယ် မိန်းကလေးသေဆုံးခဲ့တာလို့အိုမန်ရဲတပ်ဖွဲ့ကပြောပါတယ်။ 

မုန်တိုင်းကြောင့် ရေကြီးမှုတွေဖြစ်ပေါ်နေပြီး ဒိုဖာနဲ့အယ်ဝက်စတာ ခရိုင်တွေမှာကားဒါဇင်ချီရေမြုပ်နေပါတယ်။ အဲဒီမုန်တိုင်းရဲ့အရှိန်ဟာအိုမန်ရဲ့ ဒုတိယအကြီးဆုံးမြို့တော် စာလာလာ၊ အရှေ့ဘက်မှာရှိတဲ့ ဆိုကိုထရာကျွန်းကိုအဖျားခတ်ခဲ့တာကြောင့် အနည်းဆုံးလူ(၇)ဦးသေဆုံးခဲ့ပါတယ်။

  ဒိုဖာနဲ့ အယ်ဝက်စတာ ခရိုင်တွေမှာမုန်တိုင်းတိုက်ခတ်နှုန်း (၁)နာရီကိုမိုင်(၁၀၅)မိုင်နှုန်းတိုက်ခတ်ခဲ့ပြီး လူ (၁၀၀၀၀)ကို ကျောင်းတွေနဲ့ အစိုးရအဆောက်အဦးတွေအတွင်းကိုရွှေ့ပြောင်းပေးထားတယ်လို့ အိုမန်အရာရှိတွေက ပြောခဲ့ပါတယ်။ ဒေသခံတွေကိုအိမ်အတွင်းမှာပဲနေဖို့နဲ့ မေလ(၂၆)ရက် ညလယ်လောက်အထိ စာလာလာ လေဆိပ်ကိုခေတ္တပိတ်ထားမှာဖြစ်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။

ဆိုကိုထရာ ကျွန်းဟာလက်ရှိမှာအန္တရာယ်များတဲ့နေရာ(၁)ခုလို့ယီမင် အစိုးရကကြေညာခဲ့ပါတယ်။

 

 

 

 

Related News