မေလ(၂၅)ရက်မှာ တရုတ်နိုင်ငံအရှေ့ပိုင်း၊ အန်ဟွီးပြည်နယ်က တောင်ရှစ်လုံးချိုင့်ဝှမ်းမှာ မိုးကြီးခဲ့ပြီး ရေလွှမ်းမိုးခဲ့လို့ ရှုခင်းကြည့် စခန်း(၁)ခုမှာ ပိတ်မိနေတဲ့ ၀န်ထမ်း(၁၄)ဦးကို မီးသတ်သမားတွေက ကယ်ဆယ်ခဲ့ပါတယ်။ မင်ဂွမ်းမြို့နားမှာ ရေကြီးနိုင်တယ်လို့ သတိပေးထားပေမဲ့ ရုတ်တရက်ရေကြီးခဲ့တာကြောင့် ဘေးလွတ်ရာကို ၀န်ထမ်းတွေရဲ့ပစ္စည်းတွေမရွှေ့ပြောင်းနိုင်ဘဲ ပိတ်မိနေတာပါ။

ချိုင့်ဝှမ်းက 

အိမ်တ၀က်နီးပါးကို ရေလွှမ်းခဲ့တဲ့အတွက် မီးသတ်သမားတွေ ရောက်လာချိန်မှာ ပိတ်မိနေတဲ့ ၀န်ထမ်းတွေက အိမ်ခေါင်မိုးတွေပေါ်တက်ခဲ့ရပါတယ်။ ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးကြိုးတွေနဲ့ စက်ကြီးတွေသုံးပြီး (၅)နာရီလောက်ကြာ အောင် ကယ်ဆယ်ခဲ့ရတယ်လို့ တရုတ်နိုင်ငံပိုင် CCTV ရုပ်သံက သတင်းဖော်ပြပါတယ်။ မေလ(၂၅)ရက်က မင်ဂွမ်းမြို့မှာ မိုးရေ ချိန်(၁၀)စင်တီမီတာလောက်အထိရွာသွန်းခဲ့တာကြောင့် ရေလှောင်ကန်တွေရဲ့ စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေတယ်လို့ သိရပါတယ်။

ရုတ်တရက်ရေကြီးတာတွေကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးသက်ရောက်မှုတွေကို လျှော့ချနိုင်ဖို့နဲ့ ဘေးကင်းစေဖို့ အကြီးစား နဲ့အလတ်စားရေလှောင်ကန်တွေကနေ ရေဖောက်ချဖို့ သက်ဆိုင်ရာအာဏာပိုင်တွေက ဆုံးဖြတ်ခဲ့ပါတယ်။ 

 

 

Related News