ထိုင်းနိုင်ငံရဲ့အခုနှစ်မိုးရာသီမှာ မိုးရေချိန်ပိုများလာနိုင်ပြီး မိုးကြိုးပစ်တာပိုများလာနိုင်တယ်လို့ ထိုင်းမိုးလေ၀သဌာန(TMD)က မေလ(၂၈)ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ မိုးရာသီက မေလ (၂၆)ရက်မှာ စတင်ခဲ့ပြီး အောက်တိုဘာလလယ်မှာ မိုးရာသီကုန်မယ်လို့ မျှော်လင့်ရတယ်လို့ (TMD)ညွှန်ကြားရေးမှူးချုပ်ဝန်ချိုင် ဆာကူဒွန်ချိုင်းက ပြောပါတယ်။ ထိုင်းကမ်းရိုးတန်းဒေသ တွေမှာတော့ ဒီဇင်ဘာလအထိမိုးရွာမယ်လို့သိရပါတယ်။ 

အခုနှစ်မှာ မိုးဝင်တာပုံမှန်ထက်နောက်ကျတာက အနောက်တောင်မုတ်သုန်လေ၀င် တာ နောက်ကျတာကြောင့်လို့လည်း သိရပါတယ်။ အခုနှစ်မှာ ထိုင်းနိုင်ငံရဲ့နှစ်စဉ်ပျမ်းမျှမိုးရေချိန်ထက် နည်းနိုင်ပေမဲ့ ဇွန်လ လယ်ကနေ ဇူလိုင်လလယ်အထိ မိုးရွာတာနည်းနိုင်တယ်လို့ (TMD)ကခန့်မှန်းပါတယ်။ အဲဒီကာလအတွင်း ဆည်မြောင်းတွေလို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ရေပြတ်တောက်နိုင်တယ်လို့လည်း သိရပါတယ်။ 

 

 

Related News