တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နန် ပြည်နယ်မှာ ဇွန်လ(၅)ရက်က တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ခဲ့ပြီး မိုးကြီးခဲ့တာကြောင့် ပြည်နယ်မိုးလေ၀သအုပ်ချုပ်ရေးဌာနက ဇွန် လ(၅)ရက်မှာ လိမ္မော်ရောင်သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်း၊ ဟိုင်နန်ပြည်နယ်မှာ ဇွန်လ(၅)ရက်က အခုနှစ်အတွင်း(၄)ကြိမ်မြောက်တိုင်ဖွန်းမုန်တိုင်းတိုက်ခတ်ခဲ့ပြီး မိုး ကြီးခဲ့ပါတယ်။ ပြည်နယ်မိုးလေ၀သအုပ်ချုပ်ရေးဌာနက ဇွန်လ(၅)ရက်မှာ လိမ္မော်ရောင်သတိပေးချက်ထုတ်ပြန်ခဲ့ပြီး အခုရက်ပိုင်း အတွင်းမိုးဆက်ကြီးနေအုံးမယ်လို့လည်းပြောခဲ့ပါတယ်။ ဟိုင်နန်ပြည်နယ်မြို့တော် ဟိုင်ကူးနဲ့ လီန်ဂေါင်ကောင်တီတွေမှာ မိုးရေ ချိန်(၁၀၀)မီလီမီတာကျော်ရှိခဲ့ပါတယ်။ မုန်တိုင်းအရှိန်ကြောင့် မိုးကြီးခဲ့ပေမဲ့ လေတိုက်နှုန်းကတော့ မပြင်းထန်ခဲ့ပါဘူး။

ကျွန်းတွေ ပေါ်မှာ မိုးပိုကြီးခဲ့ပြီး လေတိုက်နှုန်းမပြင်းဘူးဆိုရင် ကမ်းရိုးတန်းဒေသတွေ၊ ပြည်နယ်ရဲ့အလယ်ပိုင်းနဲ့ အနောက်ပိုင်ဒေသတွေမှာ ရေကြီးနိုင်ချေပိုများတယ်လို့ ပြည်နယ်မိုးလေ၀သဌာန၊ ခန့်မှန်းရေးမှူးချုပ်လီစွန်းကပြောပါတယ်။ မုန်တိုင်းကြောင့် နှစ်စဉ်ဇွန်လ (၇)ရက်နဲ့ (၈)ရက်မှာကျရောက်တဲ့ တရုတ်နိုင်ငံရဲ့ အမျိုးသားကောလိပ်ဝင်ခွင့်စာမေးပွဲကို အနှောင့်အယှက်မဖြစ်စေရေးနဲ့ စာမေး ပွဲဖြေဆိုသူတွေအဆင်ပြေပြေဖြေဆိုနိုင်ရေး ကြိုတင်ပြင်ဆင်နေတယ်လို့သိရပါတယ်။ မိုးကြီးနေတာကြောင့် ကျောင်းသားတွေ သွားလာရာမှာအခက်အခဲမဖြစ်စေဖို့ ယာဉ်ကြောပိတ်ဆို့မှုတွေနည်းနိုင်သမျှနည်းစေရေးအတွက် ဒေသယာဉ်အသွားအလာစောင့် ကြည့်ရေးဌာနက အစီအစဉ်တွေဆွဲနေပါတယ်။ စာမေးပွဲဖြေချိန်မှာ ဓာတ်အားပြတ်တောက်မှုမရှိစေရေးအတွက် ဓာတ်အားပေး စနစ်တွေကိုစစ်ဆေးနေတာကြောင့် လျှပ်စစ်လုပ်သားတွေလည်း အလုပ်များနေတယ်လို့သိရပါတယ်။

 

 

Related News