ပြီးခဲ့တဲ့တစ်ပတ်ကတည်းက တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းပြည်နယ်ကို တိုင်ဖွန်းမုန်တိုင်းဝင်နေတာကြောင့် လူ(၅)ဦးသေဆုံးပြီး (၁)ဦးပျောက်ဆုံးနေတဲ့အပြင် လူ(၇၃၀၀၀)ကျော်ကို ဘေးလွတ်ရာပြောင်းရွှေ့ပေးထားတယ်လို့ ဂွမ်ဒေါင်းပြည်သူ့ရေးရာဌာနကပြောပါတယ်။ တရုတ်နိုင်ငံတောင်ပိုင်း၊ ဂွမ်ဒေါင်းပြည်နယ်မှာ တိုင်ဖွန်းမုန်တိုင်း အီဝီနီယာဝင်တိုက်ခတ်နေတာကြောင့် ရေကြီးနေတဲ့အတွက် လူ အနည်းဆုံး(၇၃၀၀၀)လောက်ကို ဘေးလွတ်ရာပြောင်းရွှေ့ထားရပါတယ်။ မုန်တိုင်းကြောင့် ဂွမ်ဒေါင်းပြည်နယ်ထဲက နေရာတော် တော်များများအတွက် အနီရောင်အဆင့်သတိပေးချက်ထုတ်ပြန်ထားပြီး မိုးကြီးနေတာကြောင့် မြို့ပြမှာရော၊ ကျေးလက်မှာပါရေ ကြီးနေပါတယ်။

တချို့နေရာတွေမှာတော့ ရေက(၃)မီတာလောက်အထိတက်နေတာပါ။ ရေဘေးသင့်သူတွေကို ဘေးလွတ်ရာပို့ ဆောင်နိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့တွေနဲ့ တခြားကယ်ဆယ်ရေးအဖွဲ့တွေကကြိုးပမ်းနေကြပါတယ်။ တချို့မြို့တွေမှာတော့ မိုးကြီးတာနဲ့ လေပြင်းတိုက်တာကြောင့် အိမ်တွေပျက်စီးခဲ့ပါတယ်။ ကယ်ဆယ်ရေးအတွက် တရုတ်ယွမ်ငွေ(၃)သိန်းနီးပါးထုတ် ပေးထားပြီး ယာယီတဲတွေ၊ ခေါက်အိပ်ယာတွေ၊ မျက်နှာသုတ်ပုဝါတွေ၊ ရေပုလင်းတွေနဲ့ အစားအစာတွေကို ဝေထားတယ်လို့ ပြည်နယ်အာဏာပိုင်တွေကပြောပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်မှာ ဟိုင်နန်နဲ့ ဂွမ်ဒေါင်းပြည်နယ်တွေကို အီနီဝီယာမုန်တိုင်းစ၀င်လာခဲ့ ပြီး လူ(၂၁၄၇၀၀)လောက်မုန်တိုင်းဒဏ်သင့်ခဲ့သလို လူ(၇၃၀၀၀)လောက်ကိုဘေးလွတ်ရာပြောင်းရွှေ့ပေးထားပါတယ်။ မုန်တိုင်း ဒဏ်ကြောင့် လူ(၅)ဦးသေဆုံးပြီး (၁)ဦးပျောက်ဆုံးနေတယ်လို့ ဂွမ်ဒေါင်းပြည်သူ့ရေးရာဌာနရဲ့စာရင်းတွေအရသိရပါတယ်။ မုန် တိုင်းကြောင့် စိုက်ပျိုးမြေ(၃၆၇၀၀)ဟတ်တာလောက်ပျက်စီးခဲ့ပြီး အပျက်အစီးတန်ဖိုးကတရုတ်ယွမ်ငွေသန်း(၄၆၀) ကျော်တယ် လို့လည်းသိရပါတယ်။

 

 

Related News