ဇွန်လ(၁၂)ရက်က တရုတ်နိုင်ငံအနောက် တောင်ပိုင်းမှာ မိုးဆက်တိုက်ရွာခဲ့တာကြောင့် ဟန်ကျိုး-ရွှေလီ အဝေးပြေးလမ်းမပေါ်ကို ကျောက်တုံးတွေပြိုကျခဲ့ပြီး လမ်းတွေပိတ်ခဲ့ပါတယ်။ ဇွန်လ(၁၂)ရက်က တရုတ်နိုင်ငံအနောက်တောင်ပိုင်းမှာ မိုးဆက်တိုက်ရွာခဲ့တာကြောင့် ဟန်ကျိုး-ရွှေလီ အဝေးပြေးလမ်းမပေါ်ကို တောင်ထိပ်ပေါ်ကနေ (၁၀)တန်လောက်ရှိတဲ့ကျောက်တုံးတွေပြိုကျခဲ့ပြီး လမ်းတွေပိတ်ဆို့ခဲ့ပါတယ်။

ဒေသခံတွေက အကူအညီ တောင်းခဲ့တာကြောင့် ယာဉ်ထိန်းရဲတွေနဲ့ သက်ဆိုင်ရာဌာနတွေက အရေးပေါ်ကယ်ဆယ်ရေးတွေချက်ချင်းလုပ်ဆောင်ခဲ့ပါ တယ်။ ပြိုကျခဲ့တဲ့ကျောက်တုံးတွေက အဝေးပြေးလမ်းမအလယ်ကိုလိမ့်ဆင်းလာပြီး ယာဉ်(၂)စီးနဲ့တိုက်မိခဲ့ပါတယ်။ တခြားယာဉ် တွေကတော့ လိမ့်ဆင်းလာတဲ့ကျောက်တုံးတွေကိုရှောင်ခဲ့ရပါတယ်။ ယာဉ်ကြောတွေကိုရှင်းလင်းနေစဉ်မှာ ပြိုကျခဲ့တဲ့ကျောက် တုံးတွေကို လမ်းပေါ်ကနေဖယ်ဖို့ ယာဉ်ထိန်းရဲက ကယ်ဆယ်ရေးယာဉ်တွေကိုချက်ချင်းဖုန်းခေါ်ခဲ့ပြီး အဝေးပြေးလမ်းမပေါ်ကနေ ကျောက်တုံးတွေကို ရှင်းလင်းနိုင်ခဲ့ပါတယ်။

ယာဉ်အသွားအလာဘေးကင်းရေးအာမခံနိုင်ဖို့၊ မမြင်နိုင်တဲ့ အန္တရာယ်တွေကိုရှာဖို့နဲ့ အဲဒါတွေကိုဖြေရှင်းသွားဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရဲအရာရှိတွေကပြောပါတယ်။ ဂွီဂျိုးပြည်နယ်၊ လျူပန်းရွှီမြို့ကနေ ယူနန်ပြည်နယ်၊ ကူမင်းမြို့ကို ဟန်ကျိုး-ရွှေလီအဝေးပြေးလမ်းမကတစ်ဆင့် တစ်နေ့ကို ယာဉ်အစီး(၅၀၀၀)လောက်ဖြတ်သန်း သွားနေပါတယ်။ 

 

 

Related News