ဂျပန်နိုင်ငံ၊ အိုဆာကာစီရင်စုမှာ ဒီနေ့ မနက်ပိုင်းက ပြင်းအား(၆.၁)မဂ္ဂနီကျူ့အဆင့်ရှိငလျင်လှုပ်ခဲ့တာကြောင့် လူ(၃)ဦးသေဆုံးပြီး လူဒါဇင်ချီဒဏ်ရာရခဲ့ပါတယ်။ဂျပန်နိုင်ငံအနောက်ပိုင်းက အိုဆာကာစီရင်စုမြောက်ပိုင်းမှာ ဇွန်လ(၁၈)ရက်မနက်ပိုင်းက ပြင်းအား(၆.၁)မဂ္ဂနီကျူ့အဆင့်ရှိ င လျင်တစ်ခုလှုပ်ခတ်ခဲ့တာကြောင့် အမျိုးသား(၂)ဦးနဲ့ အမျိုးသမီး(၁)ဦးသေဆုံးခဲ့ပါတယ်။ သေဆုံးသူတွေက ပြိုကျခဲ့တဲ့နံရံတွေ အောက်မှာပိတ်မိခဲ့ကြတာပါ။ ဒဏ်ရာရတဲ့လူဒါဇင်ချီကိုလည်းဆေးရုံပို့ပေးခဲ့တယ်လို့ ဂျပန်အာဏာပိုင် တွေက ပြောပါတယ်။ ငလျင် ကြောင့်အက်နေတဲ့ပိုက်လိုင်းတွေကနေ လမ်းတွေပေါ်ကိုရေတွေလျှံကျ နေပါတယ်။ အိုဆာကာမြို့နဲ့နာရာမြို့တို့မှာ ဓာတ်လှေ ကားထဲလူတွေပိတ်မိနေကြပြီး အိုဆာကာမှာတော့ ငလျင်သင့်ဒုက္ခသည်စခန်းတွေ ဖွင့်ထားတယ်လို့ NHKသတင်းမှာပါဝင်ပါ တယ်။

ငလျင်ကြောင့် ကျောင်းတွေကိုပိတ်ထားရပြီး မိဘတွေက ကလေးတွေကို လာခေါ်ခဲ့ပါတယ်။ အိုဆာကာမြို့ကအိမ် (၁၇၀၀၀)ကျော်မှာ ဓာတ်အားပြတ်တောက်နေပြီး နောက်ထပ်အိမ်(၁၀၀၀၀၀) လောက်မှာ လောင်စာဓာတ်ငွေ့ရည်ပြတ်တောက် နေပါတယ်။ ကျည်ဆန်ရထားလိုင်းတွေရပ်ဆိုင်းနေပြီး ဒေသတွင်းသွား ရထားတွေလည်း မထွက်နိုင်တာကြောင့် ခရီးသည်ထောင် ချီအခက်အခဲတွေ့နေပါတယ်။ ဘူတာတွေကြားမှာပိတ်မိနေတဲ့ ခရီးသည်တွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးဖို့လည်း အာဏာပိုင်တွေက ကြိုးပမ်းနေပါတယ်။ အဲဒီဒေသကလေဆိပ်( ၂)ခုမှာ လည်း လေကြောင်းပျံသန်းမှုတွေ ယာယီရပ်ဆိုင်းခဲ့ပေမဲ့ ပျံသန်းမှုတွေ ပြန်စနေပါပြီ။ ငလျင်လှုပ်ခဲ့ပေမဲ့ ဖူကူအီစီရင်စုက နျူုကလီးယားဓာတ်ပေါင်းဖို(၁၅)ခုစလုံးက အလုပ်လုပ်နေသေးတယ်လို့ အာ ဏာပိုင်တွေကပြောပါတယ်။ ကျိုတို၊ ဟျိုဂိုနဲ့ ရှင်ဂါခရိုင်တို့မှာလည်း ငလျင်ဒဏ်သင့်ခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ရုံးမှာလည်း ဂျပန်အကြီးတန်းအရာရှိတွေ စုဝေးပြီး အရေးပေါ်အစည်းအဝေးခေါ်ယူထားသလို ဂျပန်ကာကွယ်ရေးတပ်ဖွဲ့ဂျက်လေယာဉ်တွေကလည်း အဲဒီဒေသတွေကို သွားရောက်ပြီး အချက်အလက်တွေစုဆောင်းနေကြပါတယ်။

 

 

Related News