ထိုင်းနိုင်ငံက ခရိုင်အတော်များများမှာမိုးကြီးနေတာကြောင့် ရေကြီးမှုနေပြီး တောင်ပိုင်းဒေသတွေမှာလည်း မိုးဆက်ကြီးနိုင်တယ်လို့ ထိုင်းမိုးလေ၀သဌာနက ဇွန်လ(၁၈)ရက်မှာ သတိပေးခဲ့ပါတယ်။ 


ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကြီးခဲ့တာကြောင့် ခရိုင်တော်တော်များများမှာ တောင်ကျရေတွေနဲ့ ရေလွှမ်းမိုးတာတွေဖြစ်နေ ပြီး လာမယ့်ရက်ပိုင်းမှာ ထိုင်းနိုင်ငံတောင်ပိုင်းမှာ မိုးဆက်ကြီးနေဦးမယ်လို့ ထိုင်းမိုးလေ၀သဌာနက ဇွန်လ(၁၈)ရက်မှာသတိပေးခဲ့ ပါတယ်။ တက်ခ်ခရိုင်က မြို့(၅)မြို့မှာ မိုးကြီးတဲ့ဒဏ်ကိုခံခဲ့ရပြီး မဲဆောက်မြို့မှာတော့ ဆောက်ထားတာမကြာသေးတဲ့ တမံပြိုမ ကျရေးအတွက် အရေးပေါ်ရေပိုလွှဲအသစ်တစ်ခုကို အာဏာပိုင်တွေကဖန်တီးနေပါတယ်။ ဇွန်လ(၁၇)ရက်ညနေပိုင်းက သာ ဆောင်ယန်းမြို့နားကရွာအတော်များများမှာ တောင်ကျရေစီးခဲ့ပါတယ်။ တောင်ကျရေတွေကြောင့် ရေကြီးတာကတော့ သက်သာ နေပေမဲ့ မြစ်ရေချိန်ကတော့ မြင့်တက်နေတုန်းပါ။ ရနောင်းခရိုင်၊ ကပိုးမြို့မှာ ရေကြီးခဲ့တာကြောင့် ဒူးရင်းနဲ့ရာဘာခြံတွေအပါအ ၀င်စိုက်ပျိုးမြေတော်တော်များများကို ရေလွှမ်းခဲ့ပြီး ဆောင်ခလာခရိုင်မှာတော့ (၃)ရက်ဆက်မိုးကြီးနေပြီး ရာဘာစေးတွေမစု ဆောင်းနိုင်တာကြောင့် ရာဘာစိုက်ပျိုးသူတွေထိခိုက်နေပါတယ်။ ထိုင်းနိုင်ငံတောင်ပိုင်းက အရှေ့ကမ်းရိုးတန်းဒေသတွေမှာ အ နောက်တောင်မုတ်သုံလေထပ်ဝင်ဖွယ်ရှိနေတယ်လို့ ဆောင်ခလာခရိုင်မှာရှိတဲ့ ထိုင်းတောင်ပိုင်းမိုးလေ၀သဌာနကပြောပါတယ်။ ဖရာချွတ်ခီရီခန်း၊ ချမ်ဖွန်၊ ဆူရတ်သာနီ၊ နခွန်စီသမ်မရတ်၊ ဖတ်သာလောင်းနဲ့ ဆောင်ခလာခရိုင်တို့မှာ မိုးကြီးတာကြောင့် တောင် ကျရေတွေစီးလာနိုင်သလို လေပြင်းတိုက်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

Related News