ဂျပန်နိုင်ငံက ရှင်မိုအဲမီးတောင်ပေါက်ကွဲခဲ့တယ်လို့ ဂျပန်မိုးလေ၀သဌာနကပြောပါတယ်။ မီးတောင်ပေါက်ကွဲမှုကြောင့် အမြင့်(၂) ကီလိုမီတာလောက်အထိ မီးခိုးတွေမြင့်တက်လာပါတယ်။ ဇွန်လ(၂၂)ရက်မနက်ပိုင်းမှာမီးတောင်ပေါက်ကွဲခဲ့ပြီး မီးတောင်ကထွက် လာတဲ့ပြာတွေနဲ့ အပျက်အစီးတွေကြောင့် မီးတောင်ကနေ အနည်းဆုံး(၃)ကီလိုမီတာအကွာမှာနေဖို့ အာဏာပိုင်တွေက ဒေသခံ တွေကို သတိပေးထားပါတယ်။ ပေါက်ကွဲပြီးနောက် ဂျပန်အစိုးရက တတိယအဆင့်သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ လတွေအတွင်း ရှင်မိုအဲမီးတောင်က လှုပ်ရှားမှုတွေ ပြန်များခဲ့ပါတယ်။ 

ဇွန်လ(၂၀)ရက်က တရုတ်နိုင်ငံအရှေ့ပိုင်းဖူဂျန်းပြည်နယ်၊ ရှာမင်မြို့က ရေမြုပ်နေတဲ့ရွာ(၁)ရွာမှာရှိတဲ့ ဒေသခံအယောက်(၂၀)ကို မီးသတ်သမားတွေက ကယ်ဆယ်ခဲ့ကြပါတယ်။ အဲဒီနေ့က မိုးကြီးခဲ့တာကြောင့် အဲဒီရွာမှာ ရေမြုပ်နေတာဖြစ်ပါတယ်။ အဲဒီနေ့ည နေပိုင်းမှာ မီးသတ်သမားတွေက ရှန်းလူရွာကိုရောက်လာချိန်တော့ ရေတွေကခါးလောက်ရောက်နေတဲ့အတွက် ကယ်ဆယ်ရေး မှာ အခက်အခဲရှိခဲ့တယ်လို့ မီးသတ်သမားတွေကပြောပါတယ်။ ကယ်ဆယ်ခဲ့ရတဲ့လူတွေက လူကွဲနေတာကြောင့် မီးသတ်သ မားတွေကလည်း လူစုခွဲခဲ့ရတယ်လို့ တရုတ်နိုင်ငံပိုင်CCTVရုပ်သံက သတင်းဖော်ပြပါတယ်။ 

မလေးရှားနိုင်ငံကကလေးငယ်တွေရဲ့ကျန်းမာပျော်ရွှင်ရေးလမ်းညွှန်ကိုပြင်ဆင်နေပြီး အာဟာရပြည့်ဝရေး၊ ပညာရေး၊ အိမ်ယာနဲ့ ဆင်းရဲမွဲတေမှုတွေကိုပါ ထည့်သွင်းရေးဆွဲသွားမယ်လို့ မလေးရှားဒုတိယ၀န်ကြီးချုပ်ဝန်န်အဇီဇာကပြောပါတယ်။ နိုင်ငံမဲ့ကလေး ငယ်တွေနဲ့ ဒုက္ခသည်ကလေးငယ်တွေအပါအ၀င် ကလေးငယ်တွေအရေးကိုဖြေရှင်းရာမှာ ပိုပြီးပူးပေါင်းဆောင်ရွက်မှုတွေများတဲ့ ထိတွေ့ဆက်ဆံမှုတွေနဲ့ ဖြေရှင်းဖို့လိုအပ်နေပြီလို့ ၀န်န်ကပြောပါတယ်။ အဲဒီပြဿနာတွေကိုဖြေရှင်းဖို့ မလေးရှားအမျိုးသမီးရေး ရာ၊ မိသားစုနှင့်လူမှုအသိုက်အ၀န်းရေးရာ၊ ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်ဖွံ့ဖြိုးရေးနဲ့ ပြည်ထဲရေးစတဲ့မလေးရှားဝန်ကြီး ဌာန(၆)ခုပူးပေါင်းပြီး လုပ်ငန်းစီမံချက်တွေရေးဆွဲသွားမယ်လို့သိရပါတယ်။ အဲဒီအစီအစဉ်တွေရေးဆွဲဖို့ အချိန်တစ်လရှိနေပြီး တာဝန်ရှိတဲ့ဝန်ကြီးတွေက သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ပူးပေါင်းပြီး တိုးတက်မှုတွေကို စောင့်ကြည့်သွားမယ်လို့လည်း ၀န်န်က ပြောပါတယ်။   

 

 

 

 

Related News