တရုတ်နိုင်ငံ၊ အနောက်တောင်ပိုင်း ကွေကျိုးပြည်နယ်မှာ ဇွန်လ(၂၀)ရက်က(၂)ရက်ဆက်တိုက်မိုးကြီးခဲ့ပြီး ရေကြီးမှုတွေဖြစ်နေတာကြောင့် ဇွန်လ(၂၂)ရက်မှာ ဒေသတွင်းတောင်ပြိုမှုဖြစ်ခဲ့ပါတယ်။ ဒန်းဇီစီရင်စုက ချားမန်-ချန်ဒူးအဝေးပြေးလမ်းမပေါ်ကို အနီးနားမှာရှိတဲ့ တောင်ကုန်းပေါ်ကနေရွှံ့တွေနဲ့ ကျောက်တုံးတွေပြိုကျခဲ့တာကြောင့် အဝေးပြေးလမ်းမရဲ့အစိတ်အပိုင်းအတော် များများကို ထိခိုက်စေခဲ့တဲ့အပြင် လမ်းဝန်ဆောင်မှုပေးတဲ့ဂိတ်(၁)ခုလည်းပျက်စီးခဲ့ပါတယ်။

လက်ရှိအချိန်မှာ အဲဒီရုံးအဆောက် အဦးကိုအလုပ်သမားတွေပြုပြင်နေပြီး ပြိုကျခဲ့တဲ့ရွှံ့တွေကိုကယ်ဆယ်ရေးသမားတွေကရှင်းလင်းနေပါတယ်။ အခုဖြစ်ရပ်ကြောင့် ထိခိုက်သေဆုံးမှုတွေ မရှိပေမဲ့ အနီးနားမှာမတည်မငြိမ်တွေဖြစ်နေတုန်းပဲလို့ CCTVသတင်းဌာနကဖော်ပြပါတယ်။ ပျက်စီးသွားတဲ့ ဂိတ်ပြန်မဖွင့်မီ တောင်ကုန်းတလျှောက် အမိုးတွေတည်ဆောက်မှာဖြစ်ပြီး လုံခြုံမှုရှိစေရေးအတွက်ဆောင်ရွက်တာဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

အဝေးလမ်းမလယ်ကို ပြိုကျခဲ့တဲ့ ရွှံ့တွေနဲ့ ကျောက်တုံးတွေကိုဖယ်ရှားဖို့ ခက်ခက်ခဲခဲလုပ် ဆောင်ခဲ့ရပြီး အဲဒီလမ်းဝင်ပေါက်တွေကိုလည်းခေတ္တပိတ်ထားခဲ့တယ်လို့ ယာဉ်ထိန်းရဲ(၁)ဦးကပြောပါတယ်။ ပြိုကျခဲ့တဲ့ ပမဏဟာ(၁၀၀)ကုဗမီတာလောက်ရှိတယ်လို့လည်း ခန့်မှန်းထားပါတယ်။ ဒါ့အပြင်ဆောင်တရိုစီရင်စုနဲ့ ကွန်ဂျင်းဒ်စီရင်စုကို ဆက်သွယ်ထားတဲ့နောက်ထပ်အဝေးပြေးလမ်းမ၀င်ပေါက်(၁)ခုလည်းပြိုကျခဲ့တယ်လို့သိရပါတယ်။

 

Related News