ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းက တောင်ထူထပ်တဲ့လိုင်ချောင်းပြည်နယ်မှာ ဇွန်လ(၂၃)ရက်နဲ့ (၂၄)ရက်တို့က ရေကြီးခဲ့ပြီး မြေပြိုခဲ့တာကြောင့် လူ(၃)ဦးသေဆုံးခဲ့သလို (၃)ဦးပျောက်ဆုံးနေပြီး နောက်ထပ်(၅)ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

မိုးကြီးခဲ့တာနဲ့ရေလွှမ်းမိုးခဲ့တာတွေကြောင့် လမ်း(၁)လမ်းပျက်စီးခဲ့ပြီး အဓိကလမ်းမကြီးတွေမှာ ယာဉ်ကြောပိတ် ဆို့မှုတွေဖြစ်ခဲ့တယ်လို့ လိုင်ချောင်းသဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ကယ်ဆယ်ရှာဖွေရေးကော်မတီကပြောပါတယ်။ ရေ ကြီးခဲ့တာကြောင့် သန်ယွမ်ခရိုင်က တံတား(၁)စင်းလည်းပျက်စီးခဲ့ပြီး မြောင်တီခရိုင်ကဆည်(၂)ခုလည်းထိခိုက်ခဲ့သလို လယ်ယာ မြေတွေလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။

အပျက်အစီးတန်ဖိုးစုစုပေါင်းက အမေရိကန်ဒေါ်လာ(၅)သိန်းကျော်လောက်ရှိ တယ်လို့ ခန့်မှန်းနေကြပါတယ်။ ဒေသအာဏာပိုင်တွေနဲ့ပူးပေါင်းပြီး လိုင်ချောင်းသဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ကယ် ဆယ်ရှာဖွေရေးကော်မတီက ကယ်ဆယ်ရှာဖွေရေးလုပ်ငန်းတွေကိုဆောင်ရွက်နေပြီး မိုးနဲ့ရေကြီးတာကြောင့်ဖြစ်တဲ့ အထိအခိုက် တွေကိုဖြေရှင်းဖို့ ကြိုးပမ်းနေကြပါတယ်။

 

 

Related News