ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်က ဂူ(၁)ဂူထဲမှာ(၄)ရက်ကြာပိတ်မိနေတဲ့ကလေးငယ်(၁၂)ဦးနဲ့ သူတို့ရဲကဘောလုံးအသင်းနည်းပြတို့ကို ကယ်ဆယ်ရာမှာ မိုးကြီးနေတာကြောင့် အခက်အခဲတွေ့နေပါတယ်။ ဂူထဲကရေတွေကိုဖောက်ထုတ်ဖို့ကြိုးစားနေတဲ့ ကယ်ဆယ် ရေးသမားတွေကို တစ်ညလုံးရွာနေတဲ့မိုးတွေကြောင့် ရေတက်လာတာက နှောင့်ယှက်ခဲ့တာပါ။ ဂူရဲ့အဓိက၀င်ပေါက်ကို အသုံးမ ပြုနိုင်တော့တာကြောင့် ဂူထဲကိုဝင်ဖို့ နောက်တစ်နည်းကို အာဏာပိုင်တွေက ကြိုးပမ်းနေကြပါတယ်။

ဇွန်လ(၂၃)ရက်ကတည်းက ဂူထဲရောက်နေတဲ့ အဲဒီကလေးငယ်တွေနဲ့ အဆက်အသွယ်ပြတ်နေတာပါ။ အပူချိန်ထောက်လှမ်းကိရိယာတွေပါတဲ့ မောင်းသူမဲ့ လေယာဉ်တွေကိုလွှတ်တင်ဖို့ ရှာဖွေရေးအဖွဲ့တွေကကြိုးပမ်းနေပေမဲ့ မိုးတိမ်တောင်တွေကြောင့် မပျံနိုင်ဘဲဖြစ်နေတယ်လို့သိရပါ တယ်။ ဇွန်လ(၂၆)ရက်ကတော့ ဂူထဲမှာ လတ်လတ်ဆတ်ဆတ်ခြေရာတွေကိုတွေ့ခဲ့ရတယ်လို့ ထိုင်းရေတပ်ရဲ့ရေငုပ်သမားတွေ ကပြောတဲ့အတွက် ကလေးငယ်တွေကိုပြန်တွေ့နိုင်တယ်ဆိုတဲ့မျှော်လင့်ချက်တွေရှိနေပါတယ်။

မိုးရာသီဆိုရင် အဲဒီဂူက (၁၆)ပေ လောက်အထိရေတက်လာလေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ရှာဖွေရေးလုပ်သားတွေကိုအားပေးဖို့ ထိုင်းပြည်ထဲရေးဝန် ကြီးလည်း အခင်းဖြစ်ရာကိုရောက်ရှိခဲ့ပါတယ်။

 

 

 

 

Related News