တရုတ်နိုင်ငံမြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ ဇွန်လ(၂၇)ရက်က အပူလှိုင်းဆက်ဖြတ်နေပြီး အပူချိန်(၄၀)ဒီဂရီ ဆဲလ်စီးရပ်စ်အထိရှိခဲ့ပါတယ်။ ဘေကျင်းမြို့မှာလည်း အပူရှိန်(၃၈)ဒီဂရီဆဲလ်စီးရပ်အထိရှိခဲ့တယ်လို့သိရပါတယ်။

တရုတ် နိုင်ငံမြောက်ပိုင်း ဟီဘိုင်ပြည်နယ်ရဲ့နေရာတချို့မှာ အမြင့်ဆုံးအပူရှိန်(၄၀)ဒီဂရီဆဲလ်စီးရပ်အထိရှိခဲ့ပြီး လာမယ့်(၅)ရက်အတွင်း တရုတ်မြောက်ပိုင်းဒေသတွေမှာ အပူရှိန်ဆက်မြင့်တက်နေအုံးမယ်လို့ ခန့်မှန်းနေကြပါတယ်။

ယန်ဇီမြစ်တောင်ပိုင်းဒေသတွေမှာ ပူပြင်းတဲ့ရာသီဥတုနဲ့ စိုစွတ်တဲ့ရာသီဥတု(၂)မျိုးစလုံးကိုကြုံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ တရုတ်နိုင်ငံအရှေ့ပိုင်း ဂျန်ဆုပြည်နယ်က နန်ကျင်းမြို့၊ ဟူနန်ပြည်နယ်က ရှန်ရှားမြို့နဲ့ ဟူဘိုင်းပြည်နယ် ၀ူဟန်မြို့တွေမှာတော့အပူချိန် (၃၀)ဒီဂရီ ဆဲလ်စီးရပ်ဝန်းကျင်ရှိခဲ့ပါတယ်။ ယန်ဇီမြစ်အလယ်ပိုင်းနဲ့ မြေနိမ့်ပိုင်းဒေသတွေမှာ မိုးရွာအုံးမှာဖြစ်ပြီး အပူချိန်မြင့်တက်မှုတွေက ဇွန်လ(၂၉)ရက် မှာပြီးဆုံးမယ်လို့ တရုတ်အမျိုးသားမိုးသေ၀သဌာနကခန့်မှန်းထားပါတယ်။ 

 

 

 

Related News