တရုတ်နိုင်ငံရဲ့နေရာများမှာ ဇွန်လ(၃၀)ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့ပါတယ်။ တရုတ်နိုင်ငံမြို့တော် ဘေကျင်းမြို့မှာ မိုးသည်းနဲ့ လေပြင်းမုန်တိုင်းတိုက်ခိုက်ခဲ့ပါတယ်။ မုန်တိုင်းကအိမ်နီးခြင်း ဟာဘေးပြည်နယ်မှာ စတင်တိုက်ခိုက်ခဲ့ပြီး အရှေ့တောင်ကိုဦးတည်ပြီး ဘေကျင်းမြို့ကိုဝင်ရောက်ခဲ့တယ်လို့ ဒေသဆိုင်ရာမိုးလေ၀သဌာနကကြေညာပါတယ်။တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ ဂျိယန်စီပြည်နယ်မှာ မိုးရွာသွန်းတာက  ဒေသနေထိုင်သူတွေမှာ သိသိသာသာရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ မိုးရွာပြီး (၄)နာရီအကြာမှာ ဂေါင်ကွင်ချန်ပြည်နယ်မှာ မိုးရေချိန် က(၁၀၅)မီလီမီတာထိ ရောက်ခဲ့ပြီး ဖူဂျို မြို့မှာ (၁)နာရီအတွင်းမိုးရေချိန် (၇၀) မီလီမီတာထိမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

ဟူဘေးပြည်နယ်အလယ်ပိုင်းကနေရာများမှာ မိုးသည်ထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်နေလို့  တရုတ်နိုင်ငံရဲ့ ရာသီဥတုဆိုင်ရာ သတိပေးတဲ့ အဆင့်(၄)ခုထဲက အမြင့်ဆုံးအနီရောင်သတိပေးမှုအဆင့် ဒေသဆိုင်ရာအာဏာပိုင်တွေက ထုတ်ပြန်ခဲ့ပါတယ်။ လယ်ယာစိုက်ပျိုးမြေဧရိယာ တွေကို လည်း ဖျက်ဆီးခဲ့ပါတယ်။ တရုတ်နိုင်ငံအနောက်တောင်ဘက် စီချွမ်ပြည်နယ်က ကျေးလက်ဒေသတွေမှာ မြေပြိုမှုတွေ လည်းဖြစ်နေပါတယ်။ 

 

 

Related News