တရုတ်နိုင်ငံမှာ သြဂုတ်လ(၂)ရက်က အခုနှစ်ရဲ့(၁၂)ခုမြောက်တိုင်ဖွန်းမုန်တိုင်းဂျောင်ဒါရီဝင်ရောက်ခဲ့ပြီး သြ ဂုတ်လ(၃)ရက်မ နက်ပိုင်းက ရှန်ဟိုင်းမြို့ကိုလည်းတိုက်ခတ်ခဲ့တယ်လို့ ဒေသမိုးလေ၀သဌာနကပြောခဲ့ပါတယ်။ သြဂုတ်လ(၂)ရက်ညနေပိုင်းမှာ ရှန်ဟိုင်းမြို့ကနေ ကမ်းလွန်ပင်လယ်ပြင်ကို (၄၇၀)ကီလိုမီတာအကွာအဝေးကနေ အပူပိုင်းမုန်တိုင်းတိုက်ခတ်ခဲ့ပြီး တရုတ်အရှေ့ မြောက်ပိုင်းကို (၁)နာရီ(၂၅)ကီလိုမီတာကနေ(၃၀)ကီလိုမီတာနှုန်းနဲ့ရွေ့လျားနေတယ်လို့ မြို့တော် မိုးလေ၀သစောင့်ကြည့်ရေး အဖွဲ့ကပြောပါတယ်။

သြဂုတ်လ(၂)ရက်ညနေပိုင်းကနေ သြဂုတ်လ(၃)ရက်မနက်ပိုင်းအထိ မိုးကြီးတာနဲ့ လေပြင်းတိုက်ခတ်တာ တွေဟာ (၁)နာရီကို (၇၂၀၀၀)မီတာနှုန်းနဲ့တိုက်ခတ်မယ်လို့ခန့်မှန်းထားကြပါတယ်။ ရှန်ဟိုင်းမြို့မှာ မုန်တိုင်းသတိပေးချက်ကို အပြာရောင်အဆင့်ကနေ အ၀ါရောင်အဆင့်ပြောင်းလဲသတ်မှတ်ထားပြီး တချို့ဒေသတွေနဲ့ ပူဒေါင်းမြို့တို့ကိုလည်း လိမ္မော်ရောင် အဆင့်သတ်မှတ်ထားပါတယ်။ အခုဖြစ်ရပ်အတွက် အရေးပေါ်တုံ့ပြန်တွေပြင်ဆင်ထားဖို့ အာဏာပိုင်တွေကသတိပေးထားပါ တယ်။ ဇီကျန်းပြည်နယ်ထဲက ဇူရှန်းမြို့ကမ်းလွန်ပင်လယ်ပြင်စီမံကိန်းဆောက်လုပ်ရေးမှာပါဝင်တဲ့ သင်္ဘောအစီး(၁၆၀)ကျော်ကို ရပ်ဆိုင်းထားတယ်လို့ ဇီကျန်းပြည်နယ်ရေကြီးမှုထိန်းချုပ်ရေးနှင့်မိုးခေါင်မှုကယ်ဆယ်ရေးစခန်းကပြောခဲ့ပါတယ်။ ကမ်းခြေမြို့တွေ က ဒေသခံ(၆၀၀၀)နီးပါးကိုလည်း ကုန်းတွင်းပိုင်းကိုရွှေ့ပြောင်းပေးထားပြီး ငါးဖမ်းသင်္ဘော(၂၀၀၀၀)လောက်ကိုလည်း ဘေး ကင်းရာကို ကယ်ဆယ်ပေးနိုင်ခဲ့တယ်သိရပါတယ်။

 

 

 

Related News