တရုတ်နိုင်ငံ၊ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ စီချွမ်ပြည်နယ်အနောက်တောင်ကြားက ရေကန်တစ်ခုပြိုကျခဲ့ပေမဲ့ ဒေသခံ (၂၄၀၀၀)ကျော်ကိုဘေးကင်းစွာနဲ့ရွှေ့ပြောင်းပေးနိုင်ခဲ့တယ်လို့ အောက်တိုဘာလ(၁၂)ရက်မှာဒေသအာဏာပိုင်တွေကပြောခဲ့ပါ တယ်။ ရေကန်ပြိုကျမှုကအောက်တိုဘာလ(၁၁)ရက်မနက်အစောပိုင်းမှာဖြစ်ပွားခဲ့ပြီး ယန်ဇီမြစ်အထက်ပိုင်းမှာဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ရေကန်ပြိုကျမှုဖြစ်ပွားခဲ့ပေမဲ့ ထိခိုက်သေဆုံးမှုတွေတော့မရှိခဲ့ပါဘူး။ ရွှေ့ပြောင်းခဲ့ရတဲ့ဒေသခံ(၁၃၆၀၀)ကို တိ ဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက ကန်ဒိုမြို့ကို ယာယီနေထိုင်ရေးစခန်း (၄၄)ခုဆောက်လုပ်ပေးထားပါတယ်။ နောက်ထပ် ဒေသခံ(၁)သောင်းကျော်ကိုတော့ စီချွမ်ပြည်နယ်ထဲက စီရင်စု(၃)ခုကိုရွှေ့ပြောင်းပေးထားတာပါ။ ရွှေ့ပြောင်းခဲ့ရတဲ့ဒေသခံတွေ အတွက် စောင်တွေ၊ အိပ်ယာတွေ၊ အစားအစာတွေနဲ့ သောက်ရေတွေထောက်ပံ့ပေးထားတယ်လို့ အာဏာပိုင်တွေကပြောပါ တယ်။ ယန်ဇီမြစ်အထက်ပိုင်းက ရေစီးကြောင်းကိုပိတ်ဆို့ထားရာတစ်ဆင့် အခုလိုရေကန်ပြိုကျမှုဖြစ်ပွားခဲ့တာလို့ တရုတ်အရေး ပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနက အောက်တိုဘာလ(၁၃)ရက်မှာပြောခဲ့ပါတယ်။ ရေကန်ပြိုကျခဲ့တာကြောင့် မြစ်ရေကြီးမှုတွေနဲ့ နောက်ဆက်တွဲမြေပြိုမှုတွေဖြစ်လာနိုင်တယ်ဆိုပြီး တရုတ်အရေးပေါ်စီမံခန့်ခွဲရေးဝန်ကြီးဌာနကသတိပေးထားပါတယ်။
