ထိုင်းနိုင်ငံက ပြည်နယ်တွေမှာ အပူချိန်ရုတ်တရက်ကျဆင်းပြီး လေပြင်းတိုက်ခတ်တာတွေဖြစ်ပေါ်နေပါတယ်။ ထိုင်းနိုင်ငံကပြည်နယ်အတော်များများမှာ  လေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်ခဲ့တာကြောင့် အပူချိန်ရုတ်တရက်ကျ ဆင်းတာ တွေဖြစ်ပေါ်ခဲ့ပါတယ်။  ထိုင်းနိုင်ငံမြောက်ပိုင်းမှာ လေပြင်းတိုက်ခတ်တာနဲ့အတူအပူချိန်က  (၂) ဒီဂရီကနေ(၄)ဒီဂရီ စယ်စီးရပ်ထိကျနိုင်တယ်လို့ ထိုင်းမိုးလေ၀သဌာနကခန့်မှန်းပါတယ်။ လေထန်နေတဲ့အခြေအနေကြောင့် အပူချိန်ကျ ဆင်းမှုတွေဆက်လက်ဖြစ်ပေါ်နိုင်တယ်လို့ ထိုင်းမိုးလေ၀သဌာနကထုတ်ပြန်ပါတယ်။ ချင်းရိုင်ပြည်နယ် မြောက်ဖက် မှာ  အောက်တိုဘာလ(၃၁)ရက်မှာ အပူချိန်(၂)ဒီဂရီထိကျဆင်းခဲ့ပါတယ်။ ထိုင်းနိုင်ငံ ဝေးလံတဲ့ဒေသတွေမှာ နေထိုင်သူတွေအတွက်  မြို့ ပေါ်မှာနေထိုင်သူတွေက အ၀တ်အထည်လှူဒါန်းဖို့ စတင်ဆောင်ရွက်နေကြပါတယ်။  နခွမ်ပနွမ် ပြည်နယ်မြောက်ပိုင်းမှာ  မဲခေါင်မြစ်တစ်လျှောက်မှာ အပူချိန်က (၁၅)ဒီဂရီထိကျဆင်းခဲ့တယ်လို့လည်းသိရပါတယ်။ 

လေဖိအားနည်းရပ်ဝန်းက ဆက်လက်ရွေ့လျားနေတဲ့အတွက် ရေကြီးရေလွှမ်းမိုးမှုတွေနဲ့  မြစ်ရေလျှံတာတွေဖြစ်ပေါ် နိုင်တယ်လို့ ထိုင်းမိုးလေ၀သအရာရှိတွေက သတိပေးထာပါတယ်။ ဒီရေလှိုင်းတွေနဲ့ လေပြင်းတွေကြောင့် ဆောင်ခလာပြည်နယ်ကကမ်းရိုးတန်းဒေသတွေမှာလမ်းတွေပျက်စီးခဲ့ရပါတယ်။ ကပ္ပလီပြင်လယ်ပြင်မှာ လှိုင်းလုံးကြီး တွေက (၂)မီတာအမြင့်ထိဖြစ်ပေါ်နေတဲ့အတွက် ငါးဖမ်းလှေတွေကိုကမ်းပေါ်မှာနေဖို့ အာဏာပိုင်တွေကသတိပေး ထားပါတယ်။ 

 

 

 

Related News