တရုတ်နိုင်ငံ၊ ရှီကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နိုဝင် ဘာလ(၂၄)ရက်ညပိုင်းကနေ နိုဝင်ဘာလ(၂၅)ရက်မနက်ပိုင်းအထိနှင်းတွေထူထပ်စွာကျဆင်းမှုနဲ့ လေပြင်းတိုက်ခတ်မှုတွေကြောင့် မီးရထားခရီးစဉ်တွေ၊ အမြန်လမ်းတွေနဲ့ လေကြောင်းခရီးစဉ်တွေနှောင့်နှေးခဲ့ရပါတယ်။တရုတ်နိုင်ငံ၊ အနောက်မြောက်ပိုင်း ရှီကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ နှင်းတွေထူထပ်စွာကျဆင်းခဲ့ပြီး လေပြင်းတွေတိုက်ခဲ့ တာကြောင့် မီးရထားလမ်းတွေ၊ အမြန်လမ်းတွေနဲ့ လေကြောင်းခရီးစဉ်တွေနှောင့်နှေးခဲ့ပါတယ်။ နိုဝင်ဘာလ(၂၄)ရက် ညပိုင်း ကနေ နိုဝင်ဘာလ(၂၅)ရက်မနက်ပိုင်းအထိ နှင်းတွေကျဆင်းခဲ့တာကြောင့် ရမ်ဂျီဒီဝိုပူး နိုင်ငံတကာလေဆိပ်မှာလေကြောင်း ခရီးစဉ်(၂၀)ကျော်ထိခိုက်ခဲ့ပါတယ်။ နှင်းတွေကျနေတာကြောင့် အဲဒီလေဆိပ်ကိုကပ်မယ့် လေကြောင်းခရီးစဉ်(၁)ခုကိုဖျက်သိမ်း ခဲ့ပြီး လမ်းကြောင်းလွှဲပေးခဲ့သလို ထွက်ခွာမယ့်ခရီးစဉ်(၂၄)ခုလည်း ထိခိုက်ခဲ့တာပါ။

နှောင့်နှေးခဲ့ရတဲ့လေကြောင်းခရီးစဉ်တွေအ တွက် သဘောတူညီမှုပြုလုပ်ခဲ့ပြီး လေယာဉ်ပြေးလမ်းပေါ်ကနှင်းတွေကို လေဆိပ်အမှုထမ်းတွေနဲ့ ရှင်းလင်းခဲ့ပြီး ခရီးသည်တွေ သွားမယ့်ခရီးစဉ်တွေအတွက် အချိန်တိကျစွာရောက်နိုင်ဖို့နဲ့ ဘေးကင်းလုံခြုံဖို့ အချက်အလက်တွေကို ပုံနှိပ်ထုတ်ဝေပေးခဲ့တယ် လို့သိရပါတယ်။ အဝေးပြေးလမ်းမတွေရဲ့ အစိတ်အပိုင်းတချို့မှာ လေပြင်းတွေတိုက်ခတ်ခဲ့ပြီး ရှီကျန်းမြောက်ပိုင်းနဲ့ ဟဲမီမြို့တို့မှာ နှင်းတွေကြောင့် ရေခဲနေတဲ့လမ်းတွေဖြစ်ခဲ့ပါတယ်။ အအေးလှိုင်းတွေကြောင့် အပူချိန်(၈)ဒီဂရီဆဲလ်စီးရပ်စ်ကနေ (၁၂)ဒီဂရီ ဆဲလ်စီးရပ်စ်အထိကျဆင်းခဲ့ပြီး အအေးလှိုင်းတွေအတွက် အ၀ါရောင်သတိပေးချက်အဖြစ် ဒေသမိုးလေ၀သဌာနကထုတ်ပြန်ခဲ့ပါ တယ်။ ယာဉ်အသွားအလာဘေးကင်းစေရေးအတွက် နှင်းတွေလွှမ်းမိုးခဲ့တဲ့အမြန်လမ်းတွေကို ယာဉ်ထိန်းရဲတွေကထိန်းချုပ်ပေး ခဲ့ပြီး စစ်ဆေးရေးဂိတ်တချို့ကိုလည်း ပိတ်သိမ်းခဲ့ပါတယ်။ လေပြင်းတွေတိုက်ခတ်နေတာကြောင့် မတော်တဆမှုတွေကိုရှောင်ဖို့ မီးရထားခရီးစဉ်တချို့ကိုရပ်ဆိုင်းခဲ့ပါတယ်။ လေပြင်းတိုက်ခတ်မှုတွေက တစ်နာရီကို (၆၇)မိုင်နှုန်းကျော်နဲ့တိုက်ခတ်နေပြီး အနီ ရောင်သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။

 

 

Related News