နိုဝင်ဘာလ(၂၆)ရက်မနက်ပိုင်းက ပြင်းအား(၆.၂)မဂ္ဂနီကျု့အဆင့်ရှိငလျင်တစ်ခု ထိုင်ဝမ်ကျွန်းမှာလှုပ်ခတ်ခဲ့တယ်လို့  တရုတ်မြေ ငလျင်ကွန်ယက်စင်တာကထုတ်ပြန်ပါတယ်။ ငလျင်ဗဟိုချက်က မြေအောက်(၂၀)မီတာအနက်မှာရှိခဲ့တယ်လို့လည်းသိရပါတယ်။ ငလျင်လှုပ်ခတ်ပြီးမကြာခင်မှာပဲ ပြင်းအား(၃.၆)မဂ္ဂနီကျူ့အဆင့်ရှိနောက်ဆက်တွဲငလျင်တစ်ခုထပ်လှုပ်ခဲ့တယ်လို့သိရပါတယ်။ ငလျင်ကြောင့်ဖြစ်တဲ့လှုပ်ခတ်မှုတွေကို ခံစားခဲ့ရတယ်လို့ တရုတ်နိုင်ငံ၊ ဖူဂျန်းပြည်နယ်ကဒေသခံတွေကပြောပါတယ်။ ငလျင် ကြောင့် ကျောင်းတော်တော်များများက ကျောင်းသားတွေကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ပြီး ကုန်တိုက်တွေကပစ္စည်းတွေ လည်း ပြန့်ကျဲကုန်တယ်လို့ တရုတ်နိုင်ငံပိုင်CCTVရုပ်သံသတင်းဖော်ပြပါတယ်။

 

 

 

Related News