သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့နဲ့ အနီးနားကဒေသတွေကို နိုဝင်ဘာလ(၂၈)ရက် ဒီနေ့မှာမုန်တိုင်းဝင်ရောက်ခဲ့ပြီးနောက် ရေကြီးမှုတွေ၊ ဓာတ်အားပြတ်တောက်မှုတွေနဲ့ လေကြောင်းခရီးစဉ်တွေနှောင့်နှေးနေတာကြောင့် ဒေသခံ(၅၀၀)ကျော် အရေးပေါ်အ ကူအညီတွေတောင်းနေတယ်လို့ သြစတြေးလျအာဏာပိုင်တွေကပြောပါတယ်။ ရေကြီးမှုထဲမှာပိတ်မိနေတဲ့ ယာဉ်တွေထဲကအ ညနည်းဆုံးလူ(၁၁)ဦးကိုကယ်ဆယ် နိုင်ခဲ့ပေမဲ့ နောက်ထပ်လူ(၁)ဦးကတော့ ကားမတော်တဆမှုကြောင့်သေဆုံးခဲ့တယ်လို့ သြစတြေးလျအာဏာပိုင်တွေကပြောပါတယ်။ ရေကြီးမှုက လမ်းတွေပေါ်မှာတင်မဟုတ်ဘဲ အိမ်တွေနဲ့ မီးရထားဘူတာရုံတွေမှာပါဖြစ် နေတာပါ။ ယာဉ်မောင်းနှစ်ဦးကိုကူညီဖို့ ကြိုးပမ်းနေစဉ်အတွင်း သစ်ပင်တစ်ပင်လဲကျခဲ့ပြီးနောက် ရဲတပ်ဖွဲ့ဝင်(၂)ဦးဒဏ်ရာရခဲ့ တယ်လို့သိရပါတယ်။

ရာသီဥတုဆိုးရွားနေတာကြောင့် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုတွေကို ဖျက်သိမ်းခဲ့ရတာ (ဒါမှမဟုတ်) နှောင့်နှေးခဲ့ရတာတွေရှိနေပြီး လေကြောင်းခရီးစဉ်(၅၀)ကျော်လည်းပါဝင်နေပါတယ်။ (၁၉၈၄)ခုနှစ်ကတည်းက သြစတြေးလျနိုင် ငံမှာ နိုဝင်ဘာလအတွင်း မိုးရွာသွန်းခဲ့တဲ့မိုးရေချိန်တွေထဲမှာ အခုမိုးရွာသွန်းမှုကမိုးရေချိန်အများဆုံးဖြစ်တယ်လို့ သြစတြေးလျမိုး လေ၀သဗျူရိုကပြောပါတယ်။ အခုဝင်ရောက်နေတဲ့ မုန်တိုင်းကနယူးဆောက်ဝေးပြည်နယ်က ကမ်းရိုးတန်းအစိတ်အပိုင်းတွေကို ဗဟိုပြုတိုက်ခတ်နေတာဖြစ်ပေမဲ့ ကုန်းတွင်းပိုင်းဒေသအတော်များများမှာတော့ မိုးခေါင်မှုတွေကြောင့် ထိခိုက်မှုတွေရှိနေတယ်လို့ သိရပါတယ်။

 

 

 

Related News