ပြီးခဲ့တဲ့ရက်အငယ်အတွင်း ထိုင်းနိုင်ငံတောင်ပိုင်းက ခရိုင်တွေမှာ အချိန်အခါမဟုတ်မိုးကြီးခဲ့တာကြောင့် ရေကြီးမှုတွေ ဖြစ်နေပါ တယ်။ ထရန်ခရိုင်ထဲက စီရင်စု(၆)ခုကတော့ ရေကြီးမှုဒဏ်အဆိုးဆုံးခံနေရပြီး ရေနုတ်မြောင်းတွေ ပိတ်ဆို့မှုတွေ လည်းဖြစ်နေတာပါ။ ထရန်မြစ်ရေလျှံပြီးနောက် ထရန်ခရိုင်ထဲကစီရင်စုတွေကို ရေကြီးမှုတွေဖြစ်စေခဲ့ပြီး တချို့နေရာ တွေမှာ (၇၀)စင်တီမီတာ လောက်အထိ ရေတွေမြင့်တက်လာတယ်လို့သိရပါတယ်။ အဲဒီရေကြီးမှုတွေကြောင့် ခရိုင်ထဲက စာသင် ကျောင်း(၅)ကျောင်းကို ပိတ်ထားခဲ့ရပါတယ်။ ဖတ်သလောင်ခရိုင်ထဲမှာလည်း တစ်ပတ်လောက်ကြာအောင်ရေကြီး ခဲ့ပေမဲ့ ခရိုင်ထဲက စီရင်စုတွေအတော် များများမှာ ရေကျနေပြီဖြစ်ပါတယ်။ စရင်နာဂါရင်ဒါ၊ မူအောင်းနဲ့ ခွန်ရာစီရင်စုတို့မှာ ရေလွှမ်းမှုတွေပိုဖြစ်နိုင်တယ်လို့ ထိုင်းသဘာဝ ဘေးတားဆီးကာကွယ်ရေးနှင့် လျော့ပါးစေရေးရုံးကကြေညာထားတာပါ။ ထိုင်းတောင်ပိုင်းဒေသတစ်ခုလုံးနီးပါး ရေကြီးနေတာ ကြောင့် ဒေသခံတွေကိုကယ်ဆယ်ရေးနဲ့ အကူအညီပေးဖို့ အာဏာပိုင် တွေနဲ့ စစ်တပ်ဖွဲ့ဝင်တွေကိုနေရာချထားတယ်လို့ သိရပါ တယ်။

 

 

Related News