ဒီဇင်ဘာလ(၂၂)ရက်ညပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာ ရေအောက်မီးတောင်ပေါက်ကွဲခဲ့ပြီးနောက် ဆူနာမီရေလှိုင်းကြီး တွေဖြစ်ခဲ့တဲ့ အတွက် လူ(၄၃)ဦးသေဆုံးပြီး လူ(၅၀၀)ကျော်ဒဏ်ရာရခဲ့ပါတယ်။ ရေအောက်မီးတောင်ပေါက်ကွဲမှုကြောင့် မြေပြိုခဲ့ရာကနေစဖြစ်တဲ့ ဆူနာမီရေလှိုင်းကြီးတွေကြောင့် အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းနဲ့ ဆူမားတြားကျွန်းတို့မှာ အနည်းဆုံးလူ(၄၃)ယောက်သေဆုံးခဲ့တယ်လို့ ဒီနေ့ဒီဇင်ဘာလ(၂၃)ရက်မှာ အင်ဒိုနီးရှားသဘာဝဘေးလျော့ပါးစေရေးအေဂျင်စီကပြောပါတယ်။ ဆူနာမီလှိုင်းတွေကြောင့် လူ(၅၈၄)ယောက်ဒဏ်ရာရခဲ့ပြီး အိမ်နဲ့အဆောက်အအုံရာ ချီပျက်ဆီးခဲ့ပါတယ်။ ဆွန်ဒါရေလက်ကြားမှာရှိတဲ့ ကမ်းခြေတွေကနေ ဝေးဝေးနေဖို့ ဒေသခံတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို အာဏာပိုင်တွေကသတိပေးပြီး ဒီဇင်ဘာ(၂၅)ရက် အထိ လှိုင်းကြီးနိုင်တယ်လို့လည်း ပြောနေ ပါတယ်။

ပျောက်ဆုံးနေတဲ့လူတွေအများကြီးရှိတယ်လို့လည်း ပြောပါတယ်။ ထိခိုက်တဲ့လူစာရင်းနဲ့အပျက်အစီး စာရင်းထပ်ပြီးတိုးလာနိုင်သေးတယ်လို့ သဘာဝဘေးလျော့ပါးစေရေး အေဂျင်စီက ပြောပါတယ်။ လပြည့်ရက်ဖြစ်တာကြောင့် ဒီရေပိုတက် နေတာကလည်း လှိုင်းတွေပိုဆိုးသွားစေတယ်လို့ အေဂျင်စီပြောခွင့်ရသူ ဆူပိုတို ပါဝို နူဂရိုဟိုကပြောပါတယ်။ အခုပေါက်ကွဲ ခဲ့တဲ့ ကရာကာတောင်မီးတောင် (၁၈၈၃)ခု နှစ်မှာပေါက်ကွဲခဲ့တုန်းက ဆူနာမီလှိုင်းတွေကြောင့် လူ(၃၆၀၀၀)ကျော်သေဆုံး ခဲ့ပါတယ်။

 

 

Related News