အင်ဒိုနီးရှားမှာ ရေအောက်မီး တောင်ပေါက်ကွဲမှုကတစ်ဆင့်ဖြစ်လာခဲ့တဲ့ ဆူနာမီရေလှိုင်းကြီးတွေကြောင့်ဒီဇင်ဘာလ(၂၅)ရက်မှာသေဆုံးသူ (၄၂၉) ဦးအထိရှိလာ တယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။ ဒီဇင်ဘာလ(၂၂)ရက်က အင်ဒိုနီးရှားနိုင်ငံမှာ ရေအောက်မီးတောင်ပေါက်ကွဲမှုကတစ်ဆင့် ဖြစ်လာခဲ့တဲ့ ဆူနာမီရေလှိုင်းကြီးတွေ ကြောင့် အင်ဒိုနီးရှားနိုင်ငံဆူဒါရေလက်ကြား၊   ဘန်တန်ပြည်နယ်မှာသေဆုံးသူအရေအတွက်(၃၉၇)ဦးရှိခဲ့ရာက ဒီဇင်ဘာလ(၂၅) ရက်မှာ(၄၂၉)ဦးထိတိုးလာခဲ့တယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ဖော်ပြခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘန်တန်ပြည်နယ်က စူမာနဲ့ ပန်နမ်ဘန် ခရိုင်ခွဲတွေမှာစစ်တပ်၊ရဲတပ်ဖွဲ့နဲ့ သဘာဝဘေးအန္တ ရာယ်လျော့ပါးရေး အေဂျင်စီနဲ့ စေတနာ့ဝန်ထမ်း တွေပါဝင် တဲ့ပူးတွဲကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက်  အာရုံစူးစိုက်နေကြပါတယ်။. ဆူ နာမီရေလှိုင်းကြီးတွေက ဘန်တင်ပြည်နယ်၊ လန်ပေါင်ပြည်နယ်တောင်ပိုင်းတွေမှာလည်း ဆူနာမီလှိုင်းဒဏ်တွေ ခံခဲ့ရတယ်လို့ အင်ဒိုနီးရှားသဘာဝ ဘေးအန္တရာယ်လျော့ပါးရေးအေဂျင်စီ(BNPB)က ပြောခွင့်ရသူ စူတိုပိုပါဝိုနျူဂရိုဟိုကပြောပါတယ်။ဘန်တန် ပြည်နယ်အနောက်ပိုင်းကမ်းခြေဟာ ဂျာဗားကျွန်းမှာ ခရစ်စမတ်နဲ့နှစ်သစ်ကူးအားလပ်ရက်တွေမှာ နိုင်ငံခြားခရီးသွားဧည့်သည်တွေအများဆုံး သွားရောက်တဲ့နေရာတွေဖြစ်ပါတယ်။ ပျောက်ဆုံးနေတဲ့လူတွေအခုထိရှိနေသေးတဲ့အတွက် သေဆုံးသူအရေအတွက် တိုးလာမှာ ကိုစိုးရိမ် နေကြပါ တယ်။ 

 

 

Related News