ဖေဖော်ဝါရီ(၁၇)ရက်က တရုတ်နိုင်ငံအနောက်မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသတွေက မြို့တွေမှာ နှင်းထူထပ်စွာကျ ဆင်းမှုနဲ့ မိုးရွာသွန်းမှုတွေကြောင့် ထိခိုက်မှုတွေရှိခဲ့ပါတယ်။ ဂန်ဆုပြည်နယ်မှာ ရာသီဥတုဆိုးရွားနေစဉ်အတွင်း အဝေးပြေးလမ်း မ(၄)ခုကို ခေတ္တပိတ်ထားခဲ့ရပြီး ပင်းလျန်မြို့မှာလည်း နှင်းကျဆင်းမှု(၆.၁)မီလီမီတာအထိရှိခဲ့တာပါ။ အဲဒီနှင်းကျဆင်းမှုကြောင့် ကုန်တင်ကား(၁)ထောင်နီးပါးပိတ်မိခဲ့ပြီး လမ်းတွေပြန်ဖွင့်တဲ့အချိန်အထိစောင့်ခဲ့ရပါတယ်။ နှင်းတွေကို ဆားတွေအသုံးပြုပြီးရှင်း လင်းရေးအတွက် ဒေသအာဏာပိုင်တွေက အလုပ်သမားတွေစေလွှတ်ပေးထားပြီး ယာဉ်မောင်းတွေနဲ့ ခရီးသည်တွေအတွက် စားစရာနဲ့ ရေတွေကိုလည်းပေးခဲ့တာပါ။ တချိန်ထဲမှာပဲ ဇူဂျန်ပြည်နယ်အရှေ့ပိုင်းမှာ နှင်းတွေဖုံးလွှမ်းခဲ့ပြီး တခြားနေရာတွေထက် ပိုအေးခဲ့ပါတယ်။ ဂွမ်ဒေါင်းပြည်နယ်တောင်ပိုင်းက မြို့တွေမှာတော့ မိုးရွာသွန်းခဲ့ပြီး တချို့နေရာတွေမှာ မိုးရေချိန်(၂၅) မီလီမီ တာအထိရှိခဲ့ပါတယ်။ ဒီမိုးရွာသွန်းမှုပမာဏဟာ ဖေဖော်ဝါရီ(၁၉)ရက်ဒီနေ့မှာ အားပျော့သွားမယ်လို့ ခန့်မှန်းထား ကြပါတယ်။

 

Related News